6

974 124 2
                                    

"​ေအာ်... သားတို့တောင်ပြန်ရောက်​ေနပြီပဲ လာတခါတည်းထမင်းစားပြီးမှပြန် သားထယ်"

"ဟုတ်ကဲ့ အန်တီ"

အခုမှပဲထမင်းစားဝိုင်းလေးကပိုပြီးပြည့်စုံနေတော့သည်။

"သားတို့ companyမှာရောအားလုံးအဆင်ပြေရဲ့လား"

ဂျောင်ကု၏Appaမှမေးလာသောအမေး။

"ဟုတ် appaအဆင်ပြေပါတယ်"

ထိုအချိန်...

"ဂျီမင်း ဒီညငါနဲ့အတူအိပ်ကျန်ခဲ့ပါလား"

"မအိပ်ပါဘူး ငါသရဲကြောက်တယ်"

အဟွတ်!အဟွတ်!

သရဲဆိုတဲ့အသံကြားတာနဲ့ထမင်းနင်သွားသူဂျောင်ကု။

"ဟေ...ဘယ်ကသရဲလဲသား"

"ဘယ်ကသရဲဖြစ်ရမှာလဲ ရှင့်သားလေညကဆော့ဂျင်လေးကိုဒီအိမ်မှာသရဲရှိတယ်ဆိုပြီးခြောက်ထားတာတဲ့ရှင်"

"ဘာကွ! ဟုတ်လားဂျောင်ကု!"

"အဟမ်း!ဟို!.ကျွန်တော်ကသူမကြောက်တက်ဘူးထင်လို့စလိုက်တာပါ"

"ဂျောင်ကု!မင်းcompanyတစ်ခုလုံးကိုဦးဆောင်နေတဲ့သူနော် ဘာလို့ဒီလိုကလေးဆန်တဲ့အလုပ်ကိုလုပ်နေရတာလဲ ဟမ်!! မင်းကလေးကိုဒီလိုစစရာလား"

"ေဂျာင်ကု!.မင်းကွာကလေးတစ်ယောက်ကိုဒီလိုတော့မစနောက်သင့်ပါဘူး ပြီးတော့ဂျင်လေးကိုကြည့်မနေ့ကတော်တော်ကြောက်သွားရှာမှာ"

ဆော့ဂျင်ကလည်းနှုတ်ခမ်းလေးတစ်ထော်ထော်ဖြင့်ခေါင်းညိမ့်ပြသည်။

"ထယ်ယောင်းမင်းသိပြီသားလေ"

ထယ်ယောင်းရဲ့နားကိုကပ်သွားပြီးတိုးတိုးလေးပြောလိုက်ပေမယ့်လည်း ထယ်ယောင်းကတော့မသိချင်ယောင်ဆောင်ကာအခုမှသိတဲ့ပုံစံမျိုးဖမ်းနေတော့သည်။

ဂျောင်ကုလည်းသူမှားတာကိုရှောင်လွှဲမရတဲ့အဆုံး..

"တောင်းပန်ပါတယ်"

"ငါ့ကိုလာတောင်းပန်မနေနဲ့သွား!.ဆော့ဂျင်လေးကိုတောင်းပန်"

"ဟာ...Appa!."

"မတောင်းပန်သေးဘူးလား"

"ကျစ်!.ဟိုကောင်လေးတောင်းပန်တယ်"

ချစ်ခြင်းတရားတို့ရှိရာကိုကလေးဟုခေါ်သည်Where stories live. Discover now