"သား"
"ဟုတ်ကဲ့Omma"
"မနေ့ကသားငယ်လေးရဲ့မိဘတွေOmmaဆီ ဖုန်းဆက်တယ်"
"ဗျာ"
"Ommaအမှန်အတိုင်းမပြောလိုက်ပါဘူး အဝေးကြီးကလူတွေကိုစိတ်မပူစေချင်ဘူး ဒါပေမယ့် အခြေအနေတွေပုံမှန်မဟုတ်ရင်တော့Ommaတို့အမှန်အတိုင်းပြောရလိမ့်မယ်"
"မပြောပါနဲ့Omma ဆော့ဂျင်နေကောင်းလာတော့မှာပါ"
"အေးပါကွယ်"
Ommaလည်းဂျောင်ကုရဲ့ခံစားချက်တွေကိုရိပ်မိလို့နေပါပြီ။သူကိုယ်တိုင်ဝန်မခံသေးပေမယ့် သူ့ရဲ့အပြူအမူ တွေကငြင်းလို့မှမရတော့ပဲလေ။
ကြောက်သည်။ဆော့ဂျင်ရဲ့မိဘတွေအမှန်အတိုင်းသိပြီးဆော့ဂျင်ကိုပြန်ခေါ်သွားကြမှာကိုဂျောင်ကုကြောက်သည်။နံရံတစ်ခုလေးခြားနေတာတောင်ဂျောင်ကုလွမ်းနေရပြီမဟုတ်လား။ရေမြေခြားပြီးဝေးရဖို့ကိုတော့ဂျောင်ကုခံနိုင်ရည်ရှိမည်မဟုတ်ပေ။
"ဒီဘက်ကကင်ဆော့ဂျင်ရဲ့မိသားစုတွေလားရှင့်"
ဂျောင်ကုတို့သားအမိနှစ်ယောက်စကားပြောနေစဥ်သူနာပြုမလေးတစ်ယောက်မှရောက်လာပြီးမေးမြန်းခြင်းဖြစ်သည်။
"ဟုတ်ပါတယ်"
"ဟုတ်ကဲ့ဒေါက်တာကစကားပြောချင်လို့ခေါ်ခိုင်းလိုက်လို့ပါ"
"အော်ဟုတ်ပြီအန်တီအခုပဲလိုက်ခဲ့မယ်"
"ဟုတ်ကဲ့"
"သားOmmaဒေါက်တာနဲ့သွားတွေ့လိုက်အုံးမယ်"
"ဟုတ်ကဲ့Omma"
..............
"ထိုင်ပါဗျ"
"ဒေါက်တာကျွန်မတို့ကိုခေါ်တာဘာများဖြစ်လို့လဲဟင်"
"ဟုတ်ကဲ့ကျွန်တော်လူနာအခြေအနေလေးပြောပြချင်လို့ပါ"
"ကျွန်မသားငယ်လေးမှာတစ်ခုခုစိုးရိမ်စရာအခြေအနေများရှိနေသေးလို့လား"
"မရှိတော့ပါဘူးခင်ဗျားတို့ရဲ့သားငယ်လေးအခြေအနေကလုံးဝစိတ်ချရတဲ့အနေအထားဖြစ်နေပါပြီ အရမ်းကြီးစိတ်ပူစရာမလိုတော့တဲ့အကြောင်းပြောပြချင်လို့ပါ"