13

1K 143 41
                                    

"သား သားငယ်လေးဘယ်လိုဖြစ်တာလဲ"

ဂျောင်ကု၏Appaနဲ့Ommaလည်းသတင်းကြားကြားချင်းဆေးရုံကိုလိုက်လာခဲ့ကြသည်။

"အဆောင်ကစာဖတ်ခန်းထဲမှာစာအုပ်စင်တစ်ခုနဲ့မျက်နှာကျက်တစ်ခုအောက်ပိနေခဲ့တာတဲ့ အန်တီ ဟင့်.."

ဂျီမင်းမှပြောပြရင်းငိုနေတော့သည်။

"အရမ်းကြီးစိတ်မပူပါနဲ့အန်တီ အဆင်ပြေသွားမှာပါ"

ထယ်ယောင်းကလည်းစိတ်မပူဖို့ပြောလာသည်။

"အမလေးသားငယ်ရယ်"

အခန်းထဲကကောင်လေးကိုကြည့်ပြီးဂျောင်ကု၏Ommaလည်းပုဝါလေးတစ်ခုကိုကိုင်ပြီးမျက်ရည်လေးတွေဝိုင်းလာရသည်။

သားဖြစ်သူဂျောင်ကုကတော့Appaနဲ့Ommaရောက်လာတာတောင်စကားမပြောနိုင်ပဲအခန်းထဲကကောင်လေးကိုသာစိုးရိမ်စိတ်တွေနဲ့ရပ်ကြည့်နေရှာသည်။

"အခုလောလောဆယ်တော့အပြင်ကဒဏ်ရာတွေကိုဆေးထည့်ပေးထားပါတယ် လက်မောင်းကတော့အရိုးနည်းနည်းအက်သွားတယ် တချို့နေရာတွေမှာလည်းအပေါ်ကပိမိတဲ့ဒဏ်ကြောင့်အတွင်းကြေလိုမျိုး၊ယောင်နေတာမျိုးတွေရှိတယ်"

"ဒေါက်တာရယ်ကျွန်မသားငယ်လေးကိုကယ်ပါအုံး သားငယ်လေးကိုမြန်မြန်နေပြန်ကောင်းလာအောင်ကုပေးပါ"

သားအရင်းတစ်ယောက်လိုချစ်ရတဲ့ကလေးကအခုလိုဒဏ်ရာတွေကြောင့်ကုတင်ပေါ်လှဲနေရတာမြင်တော့ရင်တွေပူလောင်ရသည်။

"ဟုတ်ကဲ့ပါကျွန်တော်တို့လည်းအကောင်းဆုံးလုပ်ပေးသွားမှာပါ"

ဂျောင်ကု၏မိဘများဆရာဝန်နှင့်စကားပြောပြီးနောက်ပြန်ထွက်ရန်ပြင်နေချိန်။

"ဒေါက်တာ!ဒေါက်တာ!အခန်း213ကလူနာ ရှော့ခ်ဖြစ်လို့!"

"အမလေးသားငယ်!"

အခန်း213ကဆော့ဂျင်အခန်းမို့ဂျောင်ကုရဲ့Omma ခြေတောင်မခိုင်တော့ပေ။

သူနာပြုကလာပြောပြီးသည်နှင့်ဒေါက်တာလည်းအခန်းထဲကအမြန်ထွက်လာခဲ့တော့သည်။



တီ...တီ...တီ...တီ....
တီ...တီ...တီ...တီ...

"ဂျင်!! ဟင့်!! ဂျင်!!"

ချစ်ခြင်းတရားတို့ရှိရာကိုကလေးဟုခေါ်သည်Where stories live. Discover now