11

1K 136 18
                                    

ဆော့ဂျင်ရဲ့အဆောင်ကနေပြန်လာကတည်းကအိမ်ကိုရောက်တဲ့အထိဂျောင်ကု၏မျက်နှာပေါ်တွင်ပျော်ရွှင်မှုအရိပ်အယောင်နည်းနည်းလေးမျှမရှိပေ။

ညစာစားပြီးသည်အထိလည်းတိတ်ဆိတ်နေသည်။

"သား ပြန်လာကတည်းကommaသတိထားမိနေတာ မျက်နှာလည်းမကောင်းပါလားဘာဖြစ်လာတာတုန်း"

"ဘာမှမဖြစ်ပါဘူး Omma"

"အလုပ်တွေပင်ပန်းရင်လည်းတစ်ပတ်နှစ်ပတ်လောက်နားလိုက်ပါလားသားရယ်"

"မပင်ပန်းပါဘူး Ommaရယ်"

"မပင်ပန်းဘူးသာပြောတယ် မျက်နှာကလည်းမရွှင်မလန်းနဲ့"

"....."

"အော် ဒီနေ့သားငယ်လေးဆီရောက်ဖြစ်တယ်မလား သားငယ်လေးနေရထိုင်ရတာရောအဆင်ပြေရဲ့လား သား"

"အပြေလွန်နေတယ်"

"ဟမ်"

"Ommaရဲ့သားငယ်လေးကအရမ်းကိုအဆင်ပြေနေပါတယ်ဗျာ အရမ်းအရမ်းကိုမှအရမ်းအရမ်းကိုပြေနေတာ တစ်ဆောင်လုံးလည်းသူ့ကိုမသိတဲ့သူမရှိတော့ဘူး"

"ဟုတ်လား အမလေးသားငယ်ကဘယ်ကိုရောက်ရောက်လူချစ်လူချင်ပေါများနေတော့တာပဲ တကယ့်အချစ်ခံလေးကွယ်"

"Omma အဲ့ကောင်လေးအဆောင်မှာသွားနေပြီးရည်းစားတွေဘာတွေထားနေရင်ဘယ်လိုလုပ်မလဲ"

"​ေအာ် သားရယ်သားငယ်လေးကရည်းစားမထားလောက်ပါဘူး"

"ထားနေရင်ရော ommaဘယ်လိုသိမှာလဲ"

"သားကသားငယ်လေးရည်းစားထားမှာကိုစိတ်ပူနေတာလား"

"မဟုတ်ပါဘူး ပညာသင်နေတဲ့အချိန်စိတ်တွေလေနေမှာစိုးလို့ပါ"

"ဘာမှမစိုးရိမ်ပါနဲ့သားငယ်လေးကလိမ်မာပြီးသား"

"ဟုတ်ပါတယ် ommaရဲ့သားငယ်လေးကအရမ်းလိမ်မာပါတယ်နော်

သားပြန်အိပ်တော့မယ်omma

Good night မွ"

"Good night ပါသားရယ်"

🌼

အခန်းထဲပြန်ရောက်ပြီးComputerရှေ့ထိုင်ကာအလုပ်လုပ်ဖို့တွေးသော်လည်းစိတ်ကအလုပ်ထဲမရောက်ပေ။

ချစ်ခြင်းတရားတို့ရှိရာကိုကလေးဟုခေါ်သည်Where stories live. Discover now