Chapter -81

14.4K 773 27
                                    

Zawgyi

ဝမ်ဖေးရန်တို့အဖွဲ့ ရှေးဟောင်းနယ်မြေဂိတ်ဝကိုရောက်တော့ တစ်ခြားအဖွဲ့တွေကိုပါ တွေ့လိုက်ပြီး နောက်ဆုံးမှရောက်လာတဲ့သူတို့အဖွဲ့ကို စိုက်ကြည့်နေတော့သည်၊

ရီယွမ်ရှန့်ဟာ ရှေးဟောင်းနယ်မြေကို စောင့်ရှောက်သည့်အကြီးအကဲဆီ သွားကာ အရိုအသေပေးလိုက်ပြီး နူတ်ဆက်လိုက်သည်၊

"ပေချင်းဝူဂိုဏ်းက လွှတ်လိုက်တဲ့အဖွဲ့ရောက်ရှိပြီ"

အကြီးအကဲဟာ ခေါင်းညိတ်လိုက်ပြီးနောက်မှာ ကျန်တဲ့သူတွေဘက်လှည့်ကာ စပြောလာတော့သည်၊

"ဒီနယ်မြေထဲရောက်သွားပြီဆိုရင် မင်းတို့က ဘာမှမဟုတ်တော့ဘူး၊ရှေးဟောင်းနယ်မြေအတွင်းမှာ မင်းတို့ ဒီနယ်မြေအတွင်းမှာ ပြုမူသလို ပြုမူလိုမရဘူး၊မင်းတို့လုပ်ရပ်တစ်ချက်မှားသွားရင် သေတောင်သေသွားနိုင်ပြီး ငါတို့ကလည်း မင်းတို့သေဆုံးမှုကို ဘာမှမလုပ်နိုင်ဘူး ၊ပြီးတော့ သတိနဲ့နေကြပါ၊နယ်မြေသားအချင်းချင်း တတ်နိုင်သလောက် ကူညီကြပေါ့" အကြီးအကဲဟာပြောပြီးနောက်မှာ သူ့လူတွေကို ဂိတ်ဖွင့်ခိုင်းလိုက်တော့သည်၊

ကြီးမားတဲ့ကျောက်တံခါးကြီးဟာ ကျယ်လောင်စွာမြည်တွန်းလာပြီး တစ်ဖြည်းဖြည်းပွင့်ဟလာတော့သည်၊ဝမ်ဖေးရန် ထိုကြီးမားတဲ့ကျောက်တံခါးကြီးကို ကြည့်ရင်း စိတ်လှုပ်ရှားနေတော့သည်၊ဒီတံခါးနောက်ကွယ်မှာ မည်သည့်အရာတွေ စောင့်ကြိုနေမလဲ၊မည်သည့်အရာတွေရှိနေမလဲ၊

ထိုနောက်မှာ တံခါးဟာ လင်းလက်လာကာ သော့လက်ဝယ်ပိုင်ဆိုင်ထားသည့်ကျင့်ကြံသူအားလုံးကို ဆွဲယူသွားပြီးနောက်မှာ အရာအားလုံး ဘာမှမဖြစ်ခဲ့သလို ကျောက်တံခါးကြီးဟာ ပြန်ပိတ်သွားတော့သည်၊အကြီးအကဲဟာ သက်ပြင်းချလိုက်သည်၊

"ဒီတစ်ခေါက်လည်း ပါရမီရှင် ဘယ်နှယောက်လောက်များ အသက်ရှင် ပြန်လာနိုင်မလဲ"

ဝမ်ဖေးရန် သူရဲ့ဝင်ခွင့်သော့ဟာ ရွှေရောင်လင်းလက်တောက်ပလာပြီးနောက်မှာ အလင်းတန်းများ သူပေါ်ကျဆင်းလာပြီး တစ်စုံတစ်ရာရဲ့ဆွဲငင်ခေါ်သွားခြင်းကို ခံလိုက်ရတော့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now