Chapter-90

3.2K 488 38
                                    

Zawgyi

မင်ထျန်းလော့ဟာ ဝမ်ဖေးရန်ရှေ့ပိတ်ရပ်လိုက်ပြီး ငေးမောနေသည့်ဧည့်ကြိုကို ပြုံးကာ စိုက်ကြည့်လိုက်ပြီး ချောင်းဟန့်လိုက်သည်၊ထိုအခါမှာ ဧည့်ကြိုလည်း မျက်နှာရဲသွားကာ သူဟာ အသံတုန်တုန်ဖြစ် အခန်းတိုကင်နံပါတ်ပြားကို ပေးလိုက်သည်၊

'Yue/10'

မင်ထျန်းလော့တို့ထွက်သွားမှ ဧည့်ကြိုအလုပ်သမားလည်း သက်ပြင်းချနိုင်တော့သည်၊သူ့ဘဝမှာ အသက်ဝိညာဉ်မဲ့သွားလောက်ထိ လှပသည့်အလှပိုင်ရှင်ကို မြင်ဖူးသွားခဲ့ပြီ၊ ထိုအလှလေးဟာ မျက်တောင်များ လှုပ်ခတ်သွားတိုင်း လူတိုင်းရဲ့နှလုံးသားကို ခိုးယူသွားနိုင်စွန်းရှိသည်၊ဒါပေမယ့် ဘေးက ယောကျာ်းတွေရဲ့အကြည့်စူးစူးတွေက သူရဲ့တစ်ကိုယ်လုံးကို ဓားတွေနဲ့ဝိုင်းထိုးလိုက်သလို ကြောက်စရာကောင်းလှသည်၊သူသာ ထိုအလှလေးကို ဆက်ငေးမောနေမယ်ဆိုရင် ဘယ်ချိန် အသက်ထွက်သွားမှန်းမသိဖြစ်သွားနိုင်သည်၊

ဝမ်ဖေးရန်တို့ Yueguang(လရောင်)အပိုင်းကို ဝင်သည်နဲ့ လှပသည့်စားပွဲထိုးလေးတွေကို စတင်တွေ့ဆုံတော့သည်၊ထိုအလှလေးတွေထဲက ချစ်စရာကောင်းသည့်မျက်နှာပေါက်နဲ့အိုမီဂါနှစ်ဦးဟာ ရောက်လာပြီး သူတို့ကို ဂါဝရပြုကာ အခန်းတိုကင်တောင်းလာတော့သည်၊

မင်ထျန်းလော့လည်း သူ့လက်ထဲက တိုကင်ကဒ်ပြားကို ပေးလိုက်သည်၊

"သခင်လေးတို့ ဒီဘက်ကြွပါဗျ" အိုမီဂါစားပွဲထိုးရဲ့မျက်ဝန်းများဟာ မင်ထျန်းလော့ကို တောက်ပစွာကြည့်ရင်း အပြုံးချိုချိုလေးပြုံးကာ နှစ်လိုဖွယ်အသံလေးနဲ့စွဲဆောင်ကာ ပြောလာတော့သည်၊

မင်ထျန်းလော့တို့ဟာလည်း စားပွဲထိုးပြကာ အခန်းကိုဝင်လိုက်ပြီးနောက်မှာ သူတို့ဟာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်၊အခန်းတိုင်းဟာ သလင်းကျောက်နဲ့ဖန်ဆင်းထားပြီး ကြည်လင်နေကာ အပြင်ဘက်ကို ထင်ထင်ရှားရှားမြင်ရပြီး အပြင်ကနေတော့ သူတို့ကို မမြင်ရသည်ဟာ သိသာလှသည်၊ တံခါးပေါက်ဟာ နှစ်ခုရှိနေပြီး တစ်ခုဟာ ဒီအခန်းထဲကိုဝင်ထွက်သွားရာအပေါက်ဖြစ်ပြီး နောက်တစ်ပေါက်ကတော့ တိုက်ခိုက်ရေးစင်မြင့်နဲ့ဆက်သွယ်ထားသည့်တံခါးပေါက်ဖြစ်သည်၊ အခန်းဟာ တော်တော်ကျယ်ဝန်းပြီး သူတို့လူစုအတွက်အေးဆေးပင်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now