Chapter -100

2.6K 403 21
                                    

Zawgyi

မင်လျန့်ရှီရဲ့အဖြူရောင်ဖီးနစ်ကို အန်းရှရန်ကကြည့်လိုက်ပြီး နူတ်ခမ်းများကော့ကာကွေးတက်သွားတော့သည်၊သိုင်းပညာရှင်တိုင်းက တောက်လောင်နေတဲ့စိတ်အားထက်သန်တဲ့ပြိုင်ဖက်နဲ့တိုက်ခိုက်ရသည်ကိုကြိုက်နှစ်သက်ကြသည်၊အန်းရှရန်အပါအဝင်ပေါ့...

"မင်းရဲ့သိုင်းဝိဥာဏ်ကိုထုတ်လိုက်စမ်း!" မင်လျန့်ရှီဟာ ဓားရှည်နဲ့ အန်းရှရန်ကိုချိန်လိုက်ပြီးပြောလိုက်သည်၊အန်းရှရန်ဟာ ပြုံးနေပြီး သူ့ရဲ့ဓားကြီးကို လှမ်းမလိုက်သည်၊

"အရင်နှစ်ကတောင် မင်းကို ဒီဓားနဲ့ပဲ အနိုင်ယူခဲ့တာမဟုတ်ဘူး..." မင်လျန့်ရှီဟာ အန်းရှရန်ရဲ့ထေ့ငေါ့စကားကြောင့် မျက်နှာအမူအရာဟာတင်းမာသွားတော့သည်၊မင်လျန့်ရှီရဲ့ကြက်သွေးရောင်မျက်ဝန်းများဟာ ဒေါသကြောင့်ပိုမိုတောက်လောင်လာသလိုပင်၊

အန်းရှရန်ဟာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း ပြုံးရင်း လျှာသပ်လိုက်သည်၊

'အရင်နှစ်ကလိုပဲ ဒေါသမထိန်းနိုင်သေးပါလား'

မင်လျန့်ရှီဟာ သူ့ရဲ့ဓားကို အသက်သွင်းလိုက်ပြီး သိုင်းဝိညာဉ်နဲ့ပေါင်းစပ်လိုက်သည်၊ငွေဖြူရောင်ဓားမှာ ဖီးနစ်အော်ငင်သံထွက်လာပြီးနောက်မှာ ဓားဟာအဖြူရောင်မီးတောက်များဖြင့်တောက်လောင်လာတော့သည်၊ဓားရှည်ဟာ အန်းရှရန်ဆီ လျင်မြန်သောအရှိန်ပြေးဝင်လာတော့သည်၊အန်းရှရန်ဟာ သူ့ရဲ့ဓားကြီးကို 'မ'လိုက်ပြီး ငွေဖြူရောင်ဓားကို တားလိုက်သည်၊အန်းရှရန်ဟာ သာမန်အားထုတ်မှုနဲ့သာတားလိုက်တာကြောင့် အနောက်ကို ခြေသုံးလှမ်းလောက်ဆုတ်သွားတော့သည်၊

ဒါပေမယ့် မင်လျန့်ရှီဟာ အန်းရှရန်ကို ရပ်နားခွင့်မပေးပေ၊သူဟာ ငွေဖြူရောင်ဓားရဲ့ဦးတည်ချက်ကို အန်းရှရန်ရဲ့ရင်ဝဆီကို ဦးတည်လိုက်သည်၊ဒါပေမယ့် အန်းရှရန်ကလည်း ငွေဖြူရောင်ဓားကို ဓားကြီးနဲ့ကာလိုက်ပြီးနောက်မှာ သူ့ရဲ့ဓားကြီးကို ဝှေ့ရမ်းလိုက်ပြီး မင်လျန့်ရှီကို ခုတ်ပိုင်းလိုက်သည်၊ မင်လျန့်ရှီလည်း အလျင်အမြန်ရှောင်လိုက်ချိန်မှာ ဓားကြီးရဲ့ထိပ်ဖျားနဲ့တိုက်ပွဲကြမ်းပြင်ဟာ ထိမိသွားကာ မီးမွှားများထွက်လာတော့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now