Chapter -99

2.8K 409 16
                                    

Zawgyi

ထိုနောက်မှာတော့ ဝမ်ဖေးရန်နဲ့စစ်လုံဟန်ဟာ မြို့တော်ဝန်အိမ်တော်ဆီကို ရောက်လာချိန်မှာ ဝမ်ဖေးရန်ဟာ ထူးခြားမှာတစ်ခုကို သတိထားမိသွားတော့သည်၊

"ဟန်ဟန် မင်းကျင့်စဉ်က နောက်တစ်ဆင့်ထက်သွားတာလား" ကျင့်စဉ်အဆင့်တက်ဖို့က လွယ်ကူလှသည်မဟုတ်ပေ၊အရင်ရက်က ပြိုင်ပွဲမှာတွေ့တုန်းက စစ်လုံဟန်ရဲ့ကျင့်စဉ်က ဒီထက်တစ်ဆင့်နိမ့်ပြီး အခုတော့ လော့ကောကောနဲ့အဆင့်တူဖြစ်နေသည်ကိုတွေ့လိုက်ရသည်၊

"ဟုတ်တယ် မနေ့ညက ကံကောင်းပြီး အဆင့်တက်သွားတာ" စစ်လုံဟန်ပြုံးရင်းပြောလိုက်သည်၊ဝမ်ဖေးရန်ကတော့ စစ်လုံဟန်ကို အားကျစွာကြည့်လိုက်ပြီးနောက်မှာ မပျော်မရွှင်ဖြင့်သက်ပြင်းချလိုက်သည်၊

'ငါလည်း ကံကောင်းချင်လိုက်တာ!'

[System: သူက ကောင်းချီးပေးခံထားရတဲ့ဇာတ်လိုက်ပဲလေ သူရဲ့ကံစွမ်းအားက မင်းထက် နှစ်ဆလောက်မြင့်မားတယ်] ဥမဟာ ဝမ်ဖေးရန်ကို ဖြေသိမ့်ဟန်ဖြင့်ပြောလိုက်ပေမယ့် ဝမ်ဖေးရန်ဟာ ဥမကို ဖမ်းကာ လုံးချေပစ်ချင်စိတ်တောင်ပေါက်သွားသည်၊

ထိုနောက်မှာတော့ စစ်လုံဟန်ဟာ ဝမ်ဖေးရန်ကို မြို့တော်ဝန်ရဲ့အိမ်တော်ကို လိုက်လံပို့ဆောင်ပြီးနောက်မှာ သူရဲ့ဆက်သွယ်ရေးကျောက်စိမ်းပြားကနေ သတင်းပို့ဆောင်ချက်တစ်ချက်ရောက်ရှိလာတာကြောင့် သူဟာ ဝမ်ဖေးရန်ကို နူတ်ဆက်ပြီးထွက်သွားတော့သည်၊

ဝမ်ဖေးရန်ကလည်း အလောတကြီးထွက်သွားတဲ့စစ်လုံဟန်ကြောင့်​ မျက်ခုံးတစ်ချက်ပင့်သွားပေမယ့် သူဟာ တားဆီးကာမေးရန်စိတ်ကူးမရှိပေ၊အလျင်စလိုထွက်သွားတဲ့သူကို သူက ဘယ်လိုလုပ်မေးနိုင်မလဲ၊

ကောင်းကင်အင်ပါယာရဲ့ပြိုင်ပွဲဟာ နှစ်ကြိမ်တိုင်တိုင်ကျင်းပပြီးနောက်မှာ ထျန်မြို့တော်နဲ့အမည်မဲ့မြို့တော်ဟာ နာမည်ကျော်ကြားလာတော့သည်၊အထူးသဖြင့် အမည်မဲ့မြို့တော်က စစ်လုံဟန်ဆိုတဲ့သိုင်းပညာရှင်ရဲ့ကျော်ကြားမှုဟာ ထျန်မြို့တော်က သိုင်းပညာရှင်ထက် ပိုသာလှသည်၊ အမည်မဲ့မြို့တော်ဟာ ပြိုင်ပွဲဝင်တစ်ဦးတည်းသာ တက်ရောက်ခဲ့ပြီး ထိုပြိုင်ပွဲဝင်ဟာလည်း အလွတ်သန်မာလှသည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now