Chapter-108

924 119 6
                                    

Zawgyi

Chapter -108

တိုက်ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ မင်ထျန်းလော့ဟာ သူ့ရဲ့မင်လျန့်ကို ပြန်သိမ်းလိုက်တော့သည်၊မြေပြင်မှာတော့ များစွာသောသားရဲလောင်းတွေရှိနေပြီး ဟုန်ရန်နဲ့ဟုန်ထျန်ဟာ သားရဲအမြူတွေကိုထုတ်ယူပေးနေတော့သည်၊

ကုလျန့်မင်ဟာ မင်ထျန်းလော့အနားကိုရောက်လာပြီးတော့

"အစ်ကိုမင်က ဆေးပညာနဲ့ပတ်သတ်ပြီး ဗဟုသုတရကြွယ်ရုံမကဘူး ဓားသိုင်းမှာလည်း အံ့မခန်းပါပဲ" ပြောလာတာကြောင့် မင်ထျန်းလော့ကလည်း ကုလျန့်မင်ကို ပြန်ချီကျူးလိုက်သည်၊ထို့နောက်မှာတော့ ဟုန်ရန်က ရောက်လာပြီးတော့

"အဆင့်လေးသားရဲအမြူတေ တစ်ရာ၊
အဆင့်ငါးသားရဲအမြူတေ ငါးဆယ့်ခြောက်၊အဆင့်ခြောက် အမြူတေခုနှစ်ခု... ဒီတစ်ခါတိုက်ပွဲက ကြောက်စရာကောင်းလိုက်တာ" ဟုန်ရန်ကပြောလိုက်ပြီးနောက်မှာ အမြူတေတွေကို မင်ထျန်းလော့ဆီပေးလိုက်သည်၊မင်ထျန်းလော့က မျက်နှောင်ကြုတ်သွားပြီး ကုလျန့်မင်ကို ကြည့်ချိန်မှာ ကုလျန့်မင်က ပြောလာတော့သည်၊

"ဒီတိုက်ပွဲမှာ အစ်ကိုမင်ပဲ အများဆုံးတိုက်ခဲ့တာလေ ကျွန်တော်တို့က ဘာမှကူခဲ့တာမဟုတ်ဘူး အစ်ကိုမင်ပဲ ယူလိုက်ပါ" ကုလျန့်မင်စကားကိုလည်း ကျန်တဲ့သူတွေက ထောက်ခံကြသည်၊ဒါပေမယ့် တကယ်လည်း တိုက်ပွဲတောက်လျှောက်မှာ မင်ထျန်းလော့သာ တိုက်ခိုက်သွားခြင်းဖြစ်ပြီး ပိုင်ဟွားနဲ့ဟုန်ညီအစ်ကိုတို့တောင် တိုက်ခိုက်နေတဲ့ကြားကနေ ကယ်တင်ပေးခဲ့သေးသည်မလား၊ဒါကြောင့် သူတို့အနေနဲ့ အထွန့်တက်စရာအကြောင်းမရှိပေ၊

"ဒီတစ်ခါတော့ ယူထားပေးမယ်၊နောက်တစ်ခါဆိုရင် ခွဲတမ်းမျှတာပေါ့" မင်ထျန်းလော့က အမြူတေတွေကို မက်တော့မမက်ပေမယ့် ကုလျန့်မင်တို့က ​အသေအကြေပျင်းမည်ကိုသိတာကြောင့် ယူလိုက်တာအကောင်းဆုံးဆိုတာ သူသိသည်၊

ထို့နောက်မှာတော့ သူတို့ဟာ ရှေ့ဆက်ကိုသွားရင်း သားရဲတွေကို တိုက်ခိုက်နေတော့သည်၊သူတို့တွေအတွက် အဆင့်ခုနှစ်သားရဲကို ဝိုင်းတိုက်ခိုက်ကာသတ်ဖြတ်နိုင်တာကြောင့် သိပ်မခက်ခဲကြပေ၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now