Chapter-110

2K 182 3
                                    

Zawgyi

အခြားသူတွေကို လုံခြုံတဲ့နေရာလိုက်ပို့ပြီးနောက်မှာ မင်ထျန်းလော့က တောထဲကို ပြန်ဝင်သွားတော့သည်၊သူက လမ်းမှာဆုံတွေ့သမျှ သားရဲတွေကို သတ်ဖြတ်နေတော့သည်၊အခြားသူတွေမရှိတော့တာကြောင့် သူရဲ့ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းနေစရာမလိုအောင် မင်ထျန်းလော့ရဲ့စွမ်းအားတွေက ကြမ်းတမ်းနေတော့သည်၊

အမြူတေများများစုပြီးတော့ လေလံပွဲမှာ သူ့အတွက် အသုံးဝင်မည့်ပစ္စည်းမျိုးကို မင်ထျန်းလော့တွေ့ပါစေလို့ မျှော်လင့်သည်၊ဒါကြောင့် သူဟာ အမြူတေတွေကို အရူးအမူးစုဆောင်းနေတုန်းမှာ အဖွဲ့လိုက်တိုက်ခိုက်သံတွေကိုကြားလိုက်ရသည်၊

"ရှင်တို့ သေချာလို့လား...ဒီသားရဲက သန်မာမဲ့ပုံပဲ" ပထမဆုံး အမျိုးသမီးတစ်ယောက်အသံထွက်ပေါ်လာပြီး သူ(မ)ဘေးနားက သူတွေကထောက်ခံပြောဆိုလာတော့သည်၊

"သခင်မလေး သေချာတယ် အဲ့သားရဲကြီးက ချီအဆီအနှစ်တွေနဲ့ပြည့်သိပ်နေတဲ့နေရာကို စောင့်ရှောက်ထားတယ်ဆိုတာပဲ"

"မြေပုံအမှတ်အသားကလည်း ဒီသားရဲကြီးရဲ့အသိုက်ဝန်းကျင်မှာပဲ" ကျန်တဲ့သူတွေကလည်း တစ်ယောက်တစ်ပေါက်ပြောနေပေမယ့် သူတို့မျက်ဝန်းထဲမှာတော့ လောဘရိပ်တွေနဲ့ပြည့်သိပ်နေတော့သည်၊

'ချီအဆီအနှစ်...' မင်ထျန်းလော့က ထိုအဖွဲ့စကားကြောင့် စိတ်ကျေနပ်သွားတော့သည်၊ဒီအဆီနှစ်နဲ့ဆိုရင် သူရဲ့နဂါးခန္ဒာကိုယ်က ပိုမိုသန်မာလာလိမ့်မည်၊ဒါပေမယ့် တစ်ဖက်မှာက အဆင့်ခုနှစ်သားရဲဖြစ်တာကြောင့် သူ့အနေနဲ့ အနည်းငယ်တော့ အခက်တွေ့မှာသေချာသည်၊

*ဝေါင်း* အဆင့်ခုနှစ်သားရဲကြီးဟာလည်း လူသားတွေရဲ့အကြံအစည်ကို သတိထားမိဟန်ပေါက်ပြီး ဒေါသကြီးစွာဟိန်းဟောက်လိုက်သည်၊ ခေါင်းနှစ်လုံးပါရှိတဲ့ကျားသားရဲကြီးက မြေပြင်ကို သူ့ရဲ့ချွန်ထက်တဲ့လက်သည်းတွေနဲ့ ကုတ်ခြစ်နေကာ တစ်ဖက်ရန်သူတွေကို ခြိမ်းခြောက်နေတော့သည်၊

"ကျွန်တော်တို့တွေ ဖြစ်ပမလား" ထိုအဖွဲ့ထဲကလူငယ်တစ်ယောက်က ကြောက်လန့်နေတဲ့အသံနဲ့ပြောလိုက်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now