Chapter -91

3.3K 478 40
                                    

Zawgyi

လူငယ်လေးတစ်ဦးဟာ ခြေဗလာနဲ့ တိုက်ခိုက်ရေးစင်မြင့်ဆီကို လျှောက်လာတော့သည်၊လူငယ်​လေးဟာ နောက်ကျောမှာ ကု့ချင်းတစ်လပ်ကို လွယ်ထားပြီး လက်ထဲမှာလည်း သေရည်ပုလင်းကို ကိုင်ထားသေးသည်၊

နက်ပြာရောင်ဆံပင်ရှည်များဟာလည်း ပတ်ဝန်းကျင်ရဲ့​လေပြေလေအေးများကြောင့် လေထဲပျော့ဝဲနေပြီး အပြာနုရောင်ဝတ်စုံရဲ့အပေါ်ဆုံးအလွှာဟာ ပခုံးကနေ လျော့ရွဲကျနေပေမယ့် ကြည့်ရဆိုးနေခြင်း မရှိပေ၊ လူငယ်လေးဟာ ငွေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ချယ်ရီရောင်နူတ်ခမ်းပါးတစ်စုံဟာ အနည်းငယ်နီရဲနေပြီး နူတ်ခမ်းထောင့်ကနေ သေရည်တစ်ချို့စီးကျနေသည်၊

ထိုနောက်မှာတော့ လူငယ်လေးဟာ တစ်လှမ်းခြင်း လှမ်းလိုက်ပြီးနောက်မှာ ချင်းရှောင်လီကို ကြည့်လာတော့သည်၊လူငယ်လေးရဲ့နူတ်ခမ်းလေးဟာ ကော့ကွေးသွားပြီး နူတ်ခမ်းလွှာဟာ ဖွင့်ဟလိုက်တော့သည်၊

"ဂျူနီယာတစ်ယောက်က တောင်းဆိုလာမှာတော့ ကျွန်တော်က ဘယ်လိုလုပ် ငြင်းပယ်ရက်မှာလဲ"

ဝမ်ဖေးရန်ဟာ ပြောလိုက်ပြီးနောက်မှာ သူဟာ အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်၊စီစဉ်သူဟာ ဝမ်ဖေးရန်ရဲ့ဆွဲဆောင်မှုမှာ မျောနေရင်းနဲ့ သူဟာ တန်းသတိထားမိသွားကာ သူရဲ့သိုလှောင်လက်စွပ်ထဲက ပိုးသားနဲ့လုပ်ထားတဲ့အခင်းကိုထုတ်ကာ ကြမ်းပြင်ပေါ်ခင်းပေးလိုက်တော့သည်၊

ထိုပိုးသားအခင်းဟာ သူတောင်မသုံးရက်ခဲ့ပေမယ့် ဒီအလှနတ်ဘုရားလေးအတွက်တော့ တွန့်တိုသွားခြင်းမရှိပေ၊

ဝမ်ဖေးရန်ဟာ စီစဉ်သူရဲ့အလိုက်သိတတ်မှုကြောင့် ကျေနပ်သွားပြီး သူဟာ ပိုးသားအခင်းမှာ ထိုင်လိုက်ပြီး ကု့ချင်းကိုစတင်တီးခတ်ရန် ဟန်ပြင်လိုက်သည်၊

သူရဲ့တေးသွားကာ မက်မွန်ပင်အောက်က အလှလေးတစ်ယောက်ကို ရည်ညွှန်းကာ ထိုလူငယ်လေးနဲ့အခြားချစ်သူကောင်လေးအကြောင်းကို ဆိုလိုထားခြင်းဖြစ်ပြီး တေးသွားကာ ငြိမ်သက်ကာ နားထောင်သူတိုင်းကို ချိုမြစေတာ အမှန်ပေ၊တေးသံစဉ်ဟာ ငြိမ့်ငြိမ့်ညောင်းညောင်းသွားနေပြီး လူတိုင်းကို ပျင်းရိသွားစေချင်မရှိပဲ အချစ်တေးသွားလေးမှာ ပါဝင်စီးမျောစေသည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now