Chapter -89

2.9K 453 14
                                    

Zawgyi

"ဂုဏ်ယူပါတယ် ရှန့်ကော" ရီယွမ်ရှန့်ဆီသွားကာ ဝမ်ဖေးရန်ပြောလိုက်သည်၊ဒါပေမယ့် ရှန့်ကော ဓားကိုင်သည်ကို သူတစ်ခါမှမမြင်ဖူးတာကြောင့် ရှန့်ကောရဲ့ဓားသိုင်းဝိညာဉ်ကို မြင်လိုက်ချိန်မှာ အနည်းငယ်အံ့အားသင့်သွားတာတော့ အမှန်ပေ၊

"ရွှင်သူရဲကောင်းက ရှေးဟောင်းနယ်မြေမှာ ကျော်မော်ကာ မထူးဆန်းတော့ဘူး ကိုယ်ရဲ့စိတ်ဝိညာဉ်ပင်လယ်မှာ ပြသလာတဲ့သူရဲ့ဓားကွက်တစ်ကွက်ချင်းဆီက လောကကိုပင် အံတုနိုင်တယ်" ရီယွမ်ရှန့်ဟာ လေးစားသည့်အမူအရာဖြင့်ပြောနေတော့သည်၊ဝမ်ဖေးရန်လည်း စိတ်ဝင်စားပေမယ့် သူဟာ ဒီဓားသိုင်းနဲ့မသင့်တော်ခဲ့ပေ၊

"ချင်းဝမ်ကို ရွှင်ကလန်က လူခေါ်သွားတယ်ဆိုပေမယ့် စိတ်ပူစရာမလိုလောက်ဘူးမလား"

"မလိုပါဘူး အဲ့လူက ပိုင်ချင်းဝမ်ကို ဂရုစိုက်မှာ သိသာနေတာပဲလေ" ဝမ်ဖေးရန်လည်း ရီယွမ်ရှန့်စကားကြောင့် စိတ်သက်သာရာရသွားပြီးနောက်မှာ သူတို့်ကို ဝိုင်းကြည့်နေတဲ့သူတွေကြောင့် နေရခက်စွာ ဖြစ်သွားပေမယ့် အနီးနားရှိ ကျောက်ပြားပေါ်တွင် ကျင့်ကြံရန် တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက်မှာ ပတ်ဝန်းကျင်က ချီတွေကို စတင်စုပ်ယူတော့သည်၊

သိပ်သည်းသောချီစွမ်းအင်တွေကြောင့် သူ့မှာအလောတကြီးစုပ်ယူချင်သော်လည်း လူများတဲ့ပတ်ဝန်းကျင်မှာ ထူးဆန်းမှုတွေ မဖြစ်ပေါ်စေချင်ပေ၊

ဝမ်ဖေးရန် သူရဲ့ကိုယ်တွင်းစီးဝင်လာတဲ့ချီတွေကို သူရဲ့ဝမ်းဗိုက်ဗဟိုမှာစုလိုက်ပြီးနောက်မှာ တစ်ဝက်ကို သူရဲ့ဒျန်တျန်ဆီပို့လိုက်ပြီး ကျန်သည့်တစ်ဝက်ကို ခန္ဓာကိုယ်အနှံ့ပို့လိုက်တော့သည်၊

ဝမ်ဖေးရန် နာရီပေါင်းများစွာကျင့်ကြံပြီးနောက်မှာ မျက်လုံးကိုဖွင့်ကာ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရတော့သည်၊ကျန်တဲ့သူတွေအားလုံးဟာလည်း တိတ်တဆိတ်လေ့ကျင့်နေခဲ့ပြီး ရွှင်ကျောက်တိုင်တွေ လူသိပ်မရှိတော့ပေ၊ဒါကြောင့် ဝမ်ဖေးရန် ထလိုက်ပြီး အပျင်းကြောဆွဲကာ ကျောက်တိုင်ရှေ့ကို လျှောက်လာတော့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now