Chapter -105

2.1K 248 4
                                    

Zawgyi

မင်ထျန်းလော့ဟာ သူတစ်ယောက်တည်း ခရီးဆက်နှင်ခဲ့သည်၊သူက မင်အင်ပါယာရဲ့အိမ်ရှေ့မင်းသားဖြစ်သော်လည်း သူ့ရဲ့နောက်ကြောင်းဟာ မရိုးရှင်းလှပေ၊

သူ့မှာ ရည်မှန်းချက်ကလည်းနှစ်ခုသာရှိပြီး ဦးစားပေးရည်မှန်းချက်က သူချစ်ရတဲ့အမျိုးသားလေးဝမ်ဖေးရန်ကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပြီး နောက်တစ်ချက်ကတော့ သူ့ရဲ့မိခင်ကို ရှာဖွေရန်ဖြစ်သည်၊အခုချိန်မှာတော့ သူဟာ မသန်မာသေးပေ၊ဒါကြောင့် ဒီထက်ပိုပြီး သန်မာအောင် သူ့လမ်းသူလျှောက်သင့်နေပြီဖြစ်သည်၊

အရင်ဆုံး မင်ထျန်းလော့ဟာ မြေပုံကိုကြည့်လိုက်ပြီး အနီးနားကမြို့လေးတစ်မြို့ဆီသွားတော့သည်၊ထျန့်ကျီအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်တာကြောင့် မိုင်ထောင်ချီကို ခဏလေးမသွားနိုင်ပေ၊ဒါကြောင့် မင်ထျန်းလော့ဟာ အနီးနားမှာ မြင်းတစ်ကောင်ဝယ်ပြီး ခရီးဆက်နှင်တော့သည်၊ပြီးတော့ လမ်းခရီးမှာလည်း သူ့လိုခရီးသွားတွေကိုတွေ့လိုက်ရတာကြောင့် စိတ်ထဲအနည်းငယ်တော့ ထူးဆန်းသွားတာအမှန်ပေ၊တချို့ဟာ ရဲမက်ဝတ်စုံတွေဝတ်ဆင်ထားပြီးလှည်းလေးစီး၊ငါးစီးကို ဝန်းရံထားကာသွားနေပြီး တစ်ချို့ကတော့ သူ့လို တစ်ကိုယ်ရည်သမားများသာဖြစ်သည်၊

ဒါကြောင့် မင်ထျန်းလော့ဟာ သူ့ရဲ့ခမောက်ကိုအနည်းငယ်ငိုက်ချလိုက်ပြီး လူတစ်ချို့နားကပ်သွားလိုက်သည်၊

"ဒီတစ်ခေါက်တော့ ငါတို့တွေမီမယ်ထင်တယ်..." လူလတ်ပိုင်းအရွယ်ယောကျာ်းဟာစပြောလာတော့ ဘေးကလူတွေလည်း ပြုံးပြုံးနဲ့ခေါင်းညိတ်လာတော့သည်၊ထိုထဲက လူငယ်ကလည်း စိတ်လှုပ်ရှားနေတဲ့အမူအရာနဲ့ ပျော်ရွှင်စွာဝင်ပြောလာတော့သည်၊

"သားရဲတွေကို အမဲလိုက်တဲ့ပွဲက သုံးနှစ်မှာတစ်ကြိမ်ကျင်းပပေမယ့် ရသမျှပစ္စည်းတွေကိုလည်း ပိုင်ဆိုင်ရသေးတယ်...ကျွန်တော်ကတော့ အရမ်းစိတ်လှုပ်ရှားနေပြီ..."

မင်ထျန်းလော့ဟာ သေချာမသိပေမယ့် ထိုအဖွဲ့စကားအရ ဒီအဖွဲ့ကြီးဟာ အမဲလိုက်ပွဲဆီကိုသွားနေမှန်းသိလိုက်ရသည်၊ရှင်းရှင်းပြောရရင် သူက ကောင်းကင်အင်ပါယာနယ်မြေထဲကပင် ထွက်လာပြီဖြစ်ပြီး နယ်စပ်မြို့ကြီးကနေ လွန်ခဲ့တဲ့တစ်နာရီတည်းက ထွက်လာပြီးပြီဖြစ်သည်၊မြို့တော်ဝန်တျန်ဟာ သူတို့တွေကို နယ်စပ်မြို့တွေဆီပို့ဆောင်ပေးခဲ့သည်မလား၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now