Chapter-107

1.8K 176 8
                                    

Unicode

Chapter -107
နောက်တစ်နေ့ရက်တဲ့အချိန်မှာတော့ ကုကလန်ရဲ့စီစဥ်ပေးမှုနဲ့ မင်ထျန်းလော့တို့ဟာ အမဲလိုက်ပွဲကျင်းပရာနေရာကိုထွက်ခွာလာတော့သည်၊

"အစ်ကိုမင် အမဲလိုက်ပွဲက အနည်းဆုံးလူငါးယောက်ကနေ လူဆယ်ယောက်ထိ ပါဝင်လို့ရတယ်၊လက်ရှိမှာတော့ ကျွန်တော်တို့အဖွဲ့က ခြောက်ယောက်ရှိနေပြီဆိုတော့ အစ်ကိုမင် လူထပ်ခေါ်ချင်သေးလား" ကုလျန့်မင်ဟာ မင်ထျန်းလော့ကို မေးလိုက်တော့ မင်ထျန်းလော့လည်း ခေါင်းခါလိုက်သည်၊

"ကျွန်တော့်ဘက်ကလည်း တစ်ယောက်ပဲရှိတယ်ဆိုတော့ ခုနှစ်ယောက်ပေါ့ အဆင်ပြေသားပဲ" ကုလျန့်မင်ကပြောလိုက်ပြီးနောက်မှာ သူတို့ဟာ နာမည်စာရင်းသွင်းတဲ့နေရာကိုရောက်လာတော့သည်၊ထို့နောက်မှာတော့ လူကောင်သေးသေးနဲ့အနက်ရောင်ဆံပင်ရှည်များပိုင်ဆိုင်ထားပြီး ခပ်ချောချောလူငယ်လေးဟာ လူတွေကြားကနေထွက်လာတော့သည်၊

"လျန့်မင်!"

"ပိုင်ဟွား" ကုလျန့်မင်ရဲ့မျက်နှာဟာပျော်ရွှင်သွားပြီး ပိုင်ဟွားဆီကိုသွားလိုက်ပြီး လက်လေးကိုဖွဖွလေးကိုင်လိုက်ရင်း မေးလိုက်သည်၊

"စာရင်းသွင်းခဲ့ပြီးပြီပေါ့ လာ...ကိုယ်မိတ်ဆက်ပေးမယ်"

"ကောင်းပြီ" ပိုင်ဟွားက ကုလျန့်မင်စကားကြောင့်ပြုံးလိုက်ပြီး ကုလျန့်မင်လက်မောင်းကိုဖက်တွယ်ရင်းလိုက်သွားတော့သည်၊ကုလျန့်မင်ဟာ မင်ထျန်းလော့တို့ဆီ လျှောက်သွားပြီးနောက်မှာ ပိုင်ဟွားနဲ့မိတ်ဆက်ပေးလိုက်သည်၊

"ဒါက ကျွန်တော့်ခင်ပွန်း​လေးကုပိုင်ဟွားတဲ့ ခုနှစ်ယောက်မြောက်အဖွဲ့ဝင်ပေါ့"

"ပိုင်ဟွား... သူတို့က ကိုယ်မနေ့ကပြောတဲ့သူတွေလေ...ဒါက အစ်ကိုမင်လော့နဲ့သူ့အပေါင်းအပါတွေပဲ"

"အစ်ကိုမင်လော့နဲ့ဟုန်ညီအစ်ကိုတို့ကို တွေ့ရတာ ဝမ်းသာပါတယ်ဗျ"ပိုင်ဟွားကပြောလိုက်တော့ မင်ထျန်းလော့တို့လည်းခေါင်းညိတ်ရင်း ပြန်နူတ်ဆက်လိုက်သည်၊ထို့နောက်မှာတော့ သူတို့အဖွဲ့ဟာ အမဲလိုက်ကွင်းရှိရာဂိတ်ဆီကိုသွားလိုက်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now