Chapter -86

3.4K 520 13
                                    

Zawgyi

ရှလုန်ရွိန်ဟာ ယွီအဖွဲ့အစည်းဘက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်မှာတော့ အရေးမစိုက်သလိုဖြင့် ဝမ်ဖေးရန်တို့ဆီသာ သွားလိုက်သည်။

"ရပ်လိုက်စမ်း" ယွီထန်ထိုက်ရှူံးနိမ့်ပေမယ့်လည်း ဒီကိစ္စကို ယွီအဖွဲ့အစည်းဟာ လက်ပိုက်ကြည့်နေမည်မဟုတ်ပေ၊ဒါကြောင့် ယွီထန်ထိုက်ကို စောင့်ရှောက်ရန်ထည့်ပေးလိုက်သည့်ရွှယ်ရှောင်းအဆင့်က ကျင့်ကြံသူနှစ်ယောက်ဟာ ထွက်လာပြီး ရှလုန်ရွိန်ကို တားဆီးလာတော့သည်။ကျန်တဲ့ယွီအဖွဲ့သားတွေကတော့ ယွီထန်ထိုက်ဆီသွားကာ စစ်ဆေးနေတော့သည်၊

"ကျင့်ကြံနိုင်သေးပေမယ့် နံရံငါးချောင်းနဲ့ လက်ကျိုးသွားပြီ ပြန်ကောင်းဖို့ သုံးလနီးပါးကြာနိုင်တယ်"

"ပြီးတော့ အတွင်းချီတွေလည်း တည်ငြိမ်မှုမရှိဘူး"ပြောလာတာကြောင့် ရွှယ်ရှောင်းအဆင့်ကျင့်ကြံသူနှစ်ဦးဟာ ရှလုန်ရွိန်ကို ကြည့်လာတော့သည်၊သူတို့ဟာ စိန်ခေါ်မှုကျောက်တိုင်မှတ်တမ်းကြောင့် တစ်ရက်အတွင်း ရှလုန်ရွိန်ကို သတ်လို့မရပေ၊ကောင်းကင်ဟာ သူတို့ကို ပြစ်ဒဏ်ပေးသွားလိမ့်မည်။

"အခုချက်ချင်း မင်းရဲ့ကျင့်စဉ်အဆင့်ကို မင်းဘာသာဖျက်စီးပြီး သခင်လေးယွီကို ဒူးထောက်တောင်းပန်မယ်ဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်" ထိုကျင့်ကြံသူစကားကြောင့် အနီးနားကလူတွေပင် မျက်မှောက်ကြုတ်သွားတော့သည်၊

ယွီအဖွဲ့အစည်းက သူတို့အရှူံးကို လက်မခံဘူးပဲ၊ကောလဟာလတွေအတိုင်းပဲ လူတွေကို အနိုင်ကျင့်တတ်သည်ဟာ အမှန်ပေ၊ဒါပေမယ့် သူတို့ဟာ ဘာမှ ဝင်မပြောရဲပေ၊

ရှလုန်ရွိန်ဟာ ထိုလူတွေကို လှည့်ကြည့်လာပေမယ့် ဘာစကားမှတော့ မတုန့်ပြန်ချေ၊ဒါပေမယ့် သူ့အမူအရာဟာ တစ်ဖက်ကလူတွေရဲ့စကားကို အလေးမထားသည်ဟာ သိသာလှသည်၊ဒါကြောင့် ယွီအဖွဲ့အစည်းက ကျင့်ကြံသူနှစ်ယောက်ဟာ အမျက်ထွက်သွားကာ ရွယ်ရှောင်းအရှိန်အဝါဖြင့် ရှလုန်ရွိန်အား ဖိနှိပ်ကာ ဒူးထောက်အောင်လုပ်လိုက်သည်။

ဒါပေမယ့် ရှလုန်ရွိန်ဟာ အံကြိတ်ကာ ထိုဖိအားကိုခုခံလိုက်ပြီးနောက်မှာ ရှလုန်ရွိန်ကိုယ်ထဲကနေ သိုင်းဝိညာဉ်ဟာ ထကြွလာကာ အပြင်ဘက်ကို ထွက်ပေါ်လာတော့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now