🍒Tᴀᴇ Tᴀᴇ🍒
ဂျောင်ကုနဲ့ယွန်းဂီကအစည်း၀ေးခန်းမမှာပင်...
ယွန်းဂီကတော့အလုပ်ထဲစိတ်နှစ်ထားပေမဲ့ဂျောင်ကုကတော့အလုပ်ထဲစိတ်မ၀င်စားပေ..
ထယ်ယောင်းကိုသာစိတ်ပူနေတော့သည်။
ထယ်လေးဘာများလုပ်နေမလဲ..??ဗိုက်များဆာနေမလား...??အိပ်များအိပ်ချင်နေမလား...??ပျင်းများပျင်းနေမလား..??
"ဟုတ်ကဲ့ပါ...ဒီပရောဂျက်ကိုအသိမှတ်ပြုပေးပါလားCeo jeon...??"
ဂျောင်ကုကိုအော်ပြောနေပေမဲ့ဂျောင်ကုကသူ့အတွေးနဲ့သူဆိုတော့မကြားပေ...
ယွန်းဂီမှအခြေနေကြည့်ပြီးဂျောင်ကုခြေထောက်ကိုတတ်နင်းချလိုက်သည်။
"အ့.....ရ..ရပါတယ်..အသိမှတ်ပြုပါတယ်..."
"ဟုတ်ကဲ့ပါ..အဲ့တာဆိုအစည်း၀ေးပွဲကိုဒီမှာတင်ရပ်နားကြရအောင်ခင်ဗျာ..."
ဂျောင်ကုမှာတော့နာနေတဲ့ခြေထောက်ကိုအံတုပြီးယွန်းဂီကိုမျက်စောင်းထိုးလိုက်သည်။
သူတို့လည်းအစည်း၀ေးပွဲပြီးပြီမလို့companyကိုသာပြန်လာခဲ့ကြသည်။
ယွန်းဂီကရုံးခန်းတံခါးကိုဖွင့်လိုက်ချိန်ကြားလိုက်ရသည်က....
"မင်း..ယွန်းဂီကိုချစ်နေတာလား...?"
"အင်း...."
ဂျီမင်ရဲ့အဖြေကြောင့်ယွန်းဂီမှာအပျော်လုံးဆုံ့သွားခဲ့...
သွားကြီးဖြဲပြီးတံခါးပေါက်၀မှာရပ်နေတဲ့ယွန်းဂီကြောင့်ဂျောင်ကုမှာ ဘာလဲဟ ဆိုတဲ့မျက်နှာဖြင့်...
ယွန်းဂီမှသွားကြီးဖြဲကာဂျောင်ကုကိုကြည့်ပြီး...
"ဂျောင်ကု..ငါအအေးသွား၀ယ်လိုက်အုန်းမယ်..."
"အေး....အေးပါ.."
ဂျောင်ကုမှာတော့သွားကြီးဖြဲကာထွက်သွားသောယွန်းဂီကိုကြည့်ကာစွန့်အ လျက်...
ရယ်စရာပြောပြတာတောင်မပြုံးတဲ့အချေကောင်ကသွားကြီးဖြဲကာရယ်နေတယ်တဲ့လား..???ငါမျက်လုံးများမှားတာလား...??
ဂျောင်ကုလဲဘာမှမတွေးတော့ပဲရုံးခန်းထဲ၀င်လာလိုက်သည်။
သူ၀င်လာတော့တွေ့လိုက်ရသည်ကသူ့ကိုပြုံးကာကြည့်နေသောထယ်ယောင်းကိုပင်....
ဂျောင်ကုရဲ့တစ်နေ့တာအမောတွေတောင်ပြေသွားသလိုလို...
YOU ARE READING
🍒Tae Tae🍒
FanficJeon companyရဲ့Ceoဖြစ်တဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Jeon jungkookဘ၀ထဲကိုTaehyungလို့ခေါ်တဲ့အမွှေစိန်ကောင်လေးတစ်ယောက်ရောက်ရှိလာတဲ့အခါ~~ ကင်မ်ဘယ်ရီ🍒 Jeon companyရဲ့Ceoဖြစ်တဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Jeon jungkookဘ၀ထဲကိုTaehyungလို့ခေါ်တဲ့အမေ...
