{23}

2.8K 143 0
                                    

🍒Tᴀᴇ Tᴀᴇ🍒

"ငါကိုယ်၀န်ရှိတော့ငါ့ရဲ့sixpackလေးတောင်မပေါ်တော့ဘူးထယ်ယောင်းရာ...."

ကုတင်ပေါ်မှာလှဲကာသူ့ဗိုက်ကလေးကိုသူပွတ်ပြီးပြောနေတဲ့ဂျီမင်...
ထယ်ယောင်းမှာလည်းဖုန်းနဲ့ဂိမ်းကစားရင်း...

"မင်းဗိုက်ထဲက ကလေးလေးကြီးလာတာမလို့မင်းဗိုက်ပူလာတာပေါ့ဂျီမင်ရဲ့..."

"အေးနော်...ဒါနဲ့ဒီအချိန်ယွန်းဂီနဲ့ဂျောင်ကုhyungတို့ဘာလုပ်နေမလဲမသိဘူး...??"

"မင်းကလည်းည10နာရီတောင်ခွဲတော့မယ်ကိုကိုနဲ့ယွန်းဂီတို့အိပ်ရောပေါ့..."

"ဖြစ်နိုင်တယ်....ထယ်ယောင်းရေငါမအိပ်ချင်သေးဘူး..."

"မအိပ်ချင်ရင်...ဂိမ်းဆော့နေလေ..."

"မင်းအကြံဘယ်ဆိုးလို့လဲ..."

ဂျီမင်လည်းကုတင်ပေါ်မှကုန်းရုန်းထကာဖုန်းလိုက်ရှာပါတော့သည်။
ဒါပေမဲ့လည်းဖုန်းကမတွေ့ပေ...
နောက်မှဂျီမင်မနက်ကသူ့ဖုန်းယွန်းဂီအိတ်ထဲထည့်လိုက်သည်ကိုသတိရပြီး...

"ထယ်ယောင်း...ငါ့ဖုန်းယွန်းဂီအိတ်ထဲပါသွားတယ်ကွ...ဖုန်းသွားယူမလို့လိုက်ခဲ့အုန်း..."

"ဂျီမင်..မင်းကလည်းဖြစ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်းကြီးပဲ...လာသွားမယ်..."

ထယ်ယောင်းနဲ့ဂျီမင်လည်းအခန်းထဲမှထွက်ကာယွန်းဂီနဲ့ဂျီမင်တို့အခန်းဆီသွားလိုက်သည်။
သူတို့အခန်းရှေ့ရောက်တော့ဂျီမင်က....

"ယွန်းဂီရေ....ကျွန်တော်တို့ပါ...ယွန်းဂီ..."

ဂျီမင်အော်ခေါ်ပါသော်လည်းအခန်းထဲမှအသံတောင်မကြားရပေ...
ဂျီမင်လည်းခန်းတံခါးကသော့မခတ်ထားတာကြောင့်ဖွင့်လိုက်သည်။
ထယ်ယောင်းနဲ့ဂျီမင်အခန်းထဲရောက်တော့အခန်းထဲမှာဘယ်သူမှမရှိပေ...
မီးမဖွင့်ထားတာကြောင့်မှောင်မဲနေသည်။

"ဂျီမင်...ကိုကိုနဲ့ယွန်းဂီလည်းမရှိဘူး..??"

"အေးကွ...ယွန်းဂီနဲ့ဂျောင်ကုhyungတို့ကဒီအချိန်ကြီးဘယ်တွေသွားနေတာလဲ...??"

"ကိုကိုနဲ့ယွန်းဂီတို့ရေသွားကူးကြတာလားမသိဘူးဂျီမင်..."

"မင်းကလဲ....ဒီအချိန်ကြီးရေသွားကူးရင်လေဖြတ်သေကုန်မှာပေါ့ကွ.."

🍒Tae Tae🍒Where stories live. Discover now