{3}

6.3K 320 4
                                    

🍒Tᴀᴇ Tᴀᴇ🍒

"ကျစ်....နေစုတ်ဂွပဲ..."

ထယ်ယောင်းတစ်ယောက်အိပ်နေရင်မျက်လုံးပေါ်လာထိုးသောနေကြောင့်စိတ်ပျက်ပျက်နဲ့ထထိုင်လိုက်မိသည်။
သူလဲဂျောင်ကုချက်တာတွေအ၀အပြဲစားလပြီးအိပ်လိုက်တာအခုမှနိုးသည်။

ထယ်ယောင်းလည်းအခန်းအပြင်မှထွက်လိုက်ပြီးရေသောက်ရန်ရေခဲသေတ္တာကိုမဖွင့်ခင်ရေခဲသေတ္တာမှာကပ်ထားတဲ့စာလေးကြောင့်ဖတ်ကြည့်မိသည်။

"ကိုယ်companyသွားပြီ ထယ်ယောင်းအတွက်မနက်စာစားပွဲပေါ်မှာပြင်ထားတယ် ကိုယ်ညနေလောက်မှပြန်ရောက်မယ် ကိုယ်ပြန်လာရင်မုန့်တွေလည်း၀ယ်လာခဲ့မယ်
ပုံ=ဂျွန်ဂျောင်ကု"

ထယ်ယောင်းစာဖတ်ပြီးမသိမသာရင်ခုန်သွားသည်။
ဂျောင်ကုကသူ့ကိုယ်သူ"ကိုယ်"လို့သုံးသွားတာကြောင့်ထယ်ယောင်းအံသြမိသလိုရင်ခုန်သွားမိသည်။
ထယ်ယောင်းသူ့ကိုယ်သူတောင်မသိလိုက်ခင်မှာပဲပါးစပ်ကအလိုလိုပြုံးနေခဲ့သည်။

ငါ..ငါပြုံးနေမိခဲ့တာလား...??

ထယ်ယောင်းလည်းစာရွက်လေးကိုရေခဲသေတ္တာပေါ်ပြန်ကပ်ပြီးအခန်းထဲ၀င်ကာရေသွားချိုးလိုက်သည်။

🍒Tᴀᴇ Tᴀᴇ🍒

"Ceoရှင့်..နောက်2မိနစ်ကြရင်အစည်း၀ေးစပါမယ်ရှင့်..."

"အွန်းသိပြီ..."

အတွင်းရေးမှူးမလေးလည်းရုံးခန်းထဲမှထွက်သွားသည်။

ဂျောင်ကုကတော့ရုံးရောက်ကတည်းကစိတ်နဲ့လူနဲ့မကပ်ပေ...
စိတ်ထဲမှာထယ်ယောင်းသာစိုးမိုးနေခဲ့သည်။
ဘယ်လောက်တောင်ထယ်ယောင်းစိုးမိုးလွန်းလဲဆိုတော့....သူစရင်းစစ်တဲ့စာရွက်တောင်မှထယ်ယောင်းမျက်နှာပေါ်နေသည်။
ကော်ဖီသောက်တာတောင်မှကော်ဖီကထယ်ယောင်းမျက်နှာပေါ်နေပြန်သည်။
အခုလဲအတွေးထဲတောင်မှစိုးမိုးနေပြန်သည်။

ကိုယ့်အပေါ်စိုးမိုးလွန်းတယ်...ယောင်းငယ်ရယ်....

"Ceo...အစည်း၀ေးစတော့ပါမယ်ရှင့်.."

"အေးငါလာပြီ..."

သူလည်းဘယ်လောက်တောင်တွေးမိသွားလဲမသိအစည်း၀ေးတောင်စတော့မည်။
သူလဲကုတ်ကိုသေသေသပ်သပ်၀တ်ပြီးအစည်း၀ေးခန်းမသို့ထွက်ခွာသွားသည်။

🍒Tae Tae🍒Where stories live. Discover now