(Namjin)
တချို့လူတွေက ပြောတယ်... ကိုယ်က ချစ်တဲ့လူထက် ကိုယ့်ကို ချစ်တဲ့လူကို လက်ထပ်ပါတဲ့... ဒါပေမယ့် ဘယ်လိုလုပ်မလဲ? ကျွန်တော် လက်ထပ်ခဲ့တဲ့ လူက ကျွန်တော့်ကို မချစ်သလို ကျွန်တော်ကလည်း သူ့ကို မချစ်ခဲ့ဘူးလေ...
-----------------------------------
" ဒီအိမ်ဘဲ "
ထိုးရပ်သွားသည့် ကားငယ်လေးနှင့်အတူ မြင်ကွင်းထဲ ဝင်လာသည့် ခြံဝန်းလေးနှင့် မိုးပြာရောင် အိမ်လေးကြောင့် ဆော့ဂျင် ပြုံးလိုက်မိသည်။ ယခုမှ အသစ်စက်စက် ရထားတဲ့ ခင်ပွန်းနဲ့အတူ မိဘတွေ လက်ဖွဲ့ထားသော အိမ်သို့ ပြောင်းလာခြင်း။
" နားချင်ရင် နားတော့လေ ဆော့ဂျင်... အထုတ်တွေကို ကျွန်တော်ဘဲ ချထားပေးမယ် "
ဆော့ဂျင် ခေါင်းခါလိုက်သည်။ သူ့ခင်ပွန်းဖြစ်သူက သူလည်း ယောကျာ်း တစ်ယောက်ဘဲ ဆိုတာ မေ့သွားပုံပင်... သူသည် နွဲ့လျနေသည့် မိန်းမသား မဟုတ်တာမို့ ဒီလို ခွဲခြားခြင်းကိုတော့ ဆော့ဂျင် မနှစ်သက်...
" ရပါတယ် နမ်ဂျွန်း... ကျွန်တော်တို့ တူတူလုပ်တော့ မြန်မြန်ပြီးတာပေါ့ "
ဆော့ဂျင် စကားကြောင့် နမ်ဂျွန်းမှာ အသံထွက်အောင် တစ်ချက်ပြုံးသည်။ စိတ်လိုလက်ရ ရီလိုက်တိုင်း ပေါ်ထွက်လာတဲ့ ပါးချိုင့်တွေကို မိန်းကလေး တစ်ယောက်သာ ဆိုရင် ဘယ်လောက်များ ကြွေလိမ့်မလဲ...
သို့ပေမယ့် ဆော့ဂျင်သည်က မိန်းကလေး မဟုတ်တဲ့အပြင် မချစ် မနှစ်သက်ဘဲ မဖြစ်မနေ လက်ထပ်ခဲ့ရသောကြောင့် ကင်နမ်ဂျွန်း ဆိုသော လူ၏ ဆွဲဆောင်မှုများ အပေါ် မည်သည့်အခါမှ ကြွေဆင်းလိမ့်မည် မဟုတ်ပါ...
" အချိုရည် နမ်ဂျွန်း "
ပစ္စည်းတွေ အားလုံး နေရာချပြီးတော့ နေ့လည် 3 နာရီခန့်ပင် ရှိနေပြီ။ ရောက်ရောက်ချင်း အားချင်း လုပ်လိုက်သည့်အတွက် နှစ်ယောက်သားကြားမှာ စကားသံတွေ မရှိလောက်အောင် အသက်ရှုသံများသာ ပြည့်နှက်နေသည်။
" ဆော့ဂျင်မှာ ချစ်ရမယ့်သူ ရှိလား "
ဆိုဖာပေါ် မနီးမဝေး အနေအထားနှင့် ဘေးချင်းကပ် ထိုင်နေရင်းမှ အစအဆုံးမရှိ ထွက်လာသော နမ်ဂျွန်း၏ လျှက်တပြက် မေးခွန်းကြောင့် ဆော့ဂျင်မှာ သက်ပြင်းချလိုက်သည်။