Infeasible 1

755 49 3
                                    

(Taejin)

" မင်းသားငယ် မရှိတော့ဘူး အရှင်! ထပ်ပြီး ထွက်ပြေးပြန်ပြီ ထင်တယ်... "

မိဖုရား အိန္ဒြေတောင် မဆည်နိုင်ဘဲ ပန်းချီဆွဲသည့် ဟောခန်းထဲသို့ အပြေးတစ်ပိုင်းလေး ဝင်လာသော ဇနီးဖြစ်သူအား ကြည့်ပြီး ဘုရင်ဧကရာဇ်မှာ သက်ပြင်းခိုးချသည်...

ထို့နောက် ပန်းချီဆွဲခံနေရာမှ ထသွားကာ မျက်ရည်စလေးတွေ ဝဲတက်နေသည့် ဇနီးသည်နား သွားလိုက်ပြီး စိုစွတ်စွတ် မျက်ဝန်းတို့ကို ဆွဲသုတ်ပေးလိုက်သည်...

" ဒါ ပထမဆုံး မဟုတ်တော့ဘူးလေ အချစ်ရယ်... ဂျင်က အရွယ်ရောက်နေပြီ "

အရှင့်၏ စကားကို မိဖုရားမှာ ခေါင်းခါသည်... သားတော်ငယ်က အရွယ်ရောက်နေမှန်း သိတာတောင် မိခင်ဖြစ်သော သူမမှာ မျက်စိစုံမှိတ်ကာ စိတ်မချနိုင်သေးပါ...

" ဒါပေမယ့်လည်း အရှင်ရယ်... ကျွန်မ သားတော်ငယ်လေးကို ဒီတိုင်း လွှတ်မထားပါနဲ့... တောင်အောက် ထပ်ဆင်းသွားရင်- "

" ဟုတ်ပြီ ဟုတ်ပြီ... ကိုယ်တော်က ဖြစ်စေတဲ့အတိုင်း လုပ်ပေးမှာမို့ အချစ်က မငိုနဲ့တော့နော်... နားလိုက်ပါဦးး တစ်ကိုယ်လုံး ချွေးတွေ စို့နေတာဘဲ... "

သူ့စကားကို မဖယ်ရှားဘဲ ခေါင်းငြိမ့်ပြကာဖြင့် နောက်ကျောလေး တုန်တက်နေအောင် ထွက်သွားသော ကြင်ယာတော်ကို ကြည့်ကာ ဧကရာဇ်မှာ ခေါင်းခဲရသည်...

တစ်ဦးတည်းသော သားတော်က ဆိုးသည်မဟုတ်သော်ငြား မလိမ်မာတာမို့...

နတ်ဘုရားတွေ ချီးမြှင့်ထားသည့် ရုပ်ရည်နှင့် နိုင်ငံ၏ တစ်ဦးတည်းသော မင်းသားလေးသည် တောင်ပေါ် တောင်အောက် နိုင်ငံဖြစ်သည့် ရွယ်း ကျွန်းဆွယ်အတွက် ရှားပါးရတနာလေးပင်...

" ဂျွန်ဟန်! "

" အမိန့်ရှိပါ ဘုရင်ကြီး "

" မင်းသားဂျင်ကို ရှာဖို့ ထုံးစံအတိုင်း တပ်မ 5 ကို အကြောင်းကြားလိုက်... ပြည်သူတွေ မသိစေဘဲ တိုးတိုးတိတ်တိတ်လုပ်! တောင်ပေါ်တောင်အောက် အကုန်ရှာကြ! "

ဘုရင့်အမိန့်ရသွားသော ဂျွန်ဟန်မှာ အရိုအသေပြုကာ ကုတ်အရှည်ကို အသံမြည်အောင် ခါပြီး စစ်တပ်မှူးဆီသို့ သွားရောက် ပြောကြားသည်... အမိန့်သိလိုက်ရသော တပ်မ 5 က စစ်သားတွေမှာတော့ မျက်လုံး တလှန်လှန်နှင့်...

Fantasy WorldWhere stories live. Discover now