ခေါင်းကိုက်ခြင်းများနှင့် နိုးထလာသည့် မနက်ပေမို့ နမ်ဂျွန်းမှာ နိုးနေသည့်တိုင် မလှုပ်မရက်နှင့် မျက်လုံးကို အတင်းမှိတ်ထားမိသည်။ သို့ပေမယ့် ဘေးနားကဖြည်းဖြည်းမှန်မှန် အသက်ရှုသံကြောင့် မျက်လုံးတွေကို ဇာက်ခနဲ ဖွင့်ကြည့်လိုက်သည်။
ရင်ခွင်ထဲ မရောက်ရုံတမယ် အနားတိုးအိပ်နေတဲ့ ဟျောင်းဟာ အရင်တုန်းက အကျင့်တွေ အတိုင်း မပြောင်းလဲ... ဖောင်းထွက်နေတဲ့ ပါးလေးကို ဖိကပ်ကာ နမ်းလိုက်တော့ အင်းအဲလုပ်ကာ အနားသို့ ပိုတိုးသည်။
မနက်ပိုင်း ရလိုက်သည့် အကြည်ဓာတ်ကြောင့် ခေါင်းမူးနေသည့် ခံစားချက်ဟာ ကြက်ပျောက်ငှက်ပျောက်... မနမ်းရတာ ကြာသည့် နှုတ်ခမ်းထူထူလေးကို ထိတွေ့ကြည့်တော့ ရင်ထဲ တလှပ်လှပ် ဖြစ်လာသည်။
ဟျောင်းဟာ အခုထိ သူ့ကို ပုံစံအမျိုးမျိုးနဲ့ ရူးအောင် ပြုစားနေတုန်းပင်... စတွေ့တုန်းက ဂျစ်ကန်ကန် ပုံစံလေးကနေ စွဲလမ်းခဲ့သည်။ ချစ်သူဖြစ်တော့ ကလေးတွေလို ချွဲတတ်သည့် ချစ်စရာပုံစံလေးကို အူယားခဲ့သည်။ ယခုတော့ ရင့်ကျက်သည့်ပုံစံနှင့် မြတ်နိုးမိအောင် လုပ်နေပြန်ပြီ...
တူတူအိုမင်းခွင့်များ ရှိခဲ့ရင် ဘယ်လိုပုံစံမျိုးနဲ့ ပြုစားဦးမည်နည်း?
အေးချမ်းနေသော ထိုမြတ်နိုးရသည့် လူသားကို ကြည့်ရင်း ရင်ဘတ်ထဲက မခံနိုင်စွာ မျက်ရည်တစ်စက်က ပေါက်ကနဲ... အခု ကျွန်တော်တို့ အတူတူ ရှိနေပြီလေ... ဘာကြောင့်များ အသက်ထက်ဆုံး ပျော်ရွှင်ဖို့ အာမခံ မရှိရတာလဲ...
နားထဲ ယွန်းဂီဟျောင်း၏ စကားသံတွေက ပဲ့တင်သံ ထပ်လို့လာသည်...
Flash back~
" အန်တီပြောတာတွေက တကယ်ဘဲလား နမ်ဂျွန်း? မင်း ဘယ်လိုများ သဘောတူနိုင်ရတာလဲ? "
ကုပ္မဏီ၏ Lobby တွင် ထိုင်နေကြသော သူတို့နှစ်ယောက်... ယွန်းဂီဟျောင်း၏ ဒေါသအငွေ့အသက်တွေကို ခံစားမိကာ နမ်ဂျွန်းမှာ လက်အချင်းချင်း ပွတ်သပ်လို့ နေသည်။
" ကျွန်တော် ထင်တဲ့အတိုင်း အားလုံးသိပြီးမှ ကျွန်တော့်ဆီ ရောက်လာခဲ့တာဘဲ... ဟျောင်း သိလာတာ မှန်ပါတယ်... ကိစ္စတွေ အားလုံးကို အန်တီနဲ့ ကျွန်တော်တို့ ဇာတ်တိုက်ပြီး လုပ်ထားခဲ့တာ...
.
ကလပ်က ကိစ္စကအစ အိမ်မှာ 2 နှစ်နေရမယ် ဆိုတဲ့ ကိစ္စကအဆုံး... ဟင်းးး အနည်းဆုံးတော့ အန်တီက ကျွန်တော်တို့ကို သဘောတူပြီဘဲ... "
![](https://img.wattpad.com/cover/312191194-288-k527879.jpg)