Infeasible 2

253 33 0
                                    

" ဝိုးးး ရှုခင်းက လှလိုက်တာ ဗန့်ထ်! ကျွန်တော် သဘောကျတယ် "

လေတဖြူးဖြူး တိုက်ခတ်နေသော ကုန်းဆွယ်၏ အစွန်းတွင် ဂျင်မှာ သူ့အောက်က ပင်လယ်​ပြင်ကြီးနှင့် လုံးဝန်းနေသော ကမ္ဘာကိုကြည့်ကာဖြင့် လက်နှစ်ဖက်ကို ဆန့်တန်းထားသည်။ ဗန့်ထ်ကတော့ နောက်နားကနေ ကြွေရုပ်ငယ်၏ အလှအပကို ခံစားသည်...

ညနေခင်း၏ လေပြေနုနုကို ခံယူရင်း အတော်ကြာကြာ ထိုနေရာတွင် နေပြီးတော့မှ ဂျင်သည် ဗန့်ထ် ထိုင်နေသော သစ်ပင်ကြီးအောက်တွင် အနားကပ်ကာ လာရောက်ထိုင်သည်။ ဟိုဟိုဒီဒီ ကြည့်ကာ ပတ်ဝန်းကျင်ကို စပ်စုနေရင်းမှ...

" ဒီပန်းလေးတွေက ထူးဆန်းတယ် "

မြေပြင်ပေါ်တွင် တစ်စုတစ်ဝေးတည်း များစွာ ပေါက်နေသော ပန်းခြုံများထဲမှ ပန်းပွင့်တစ်ပွင့်ကို ကိုင်တွယ်ရင်း ဂျင်က ဆိုသည်။ တစ်ခြမ်းဘဲ ရှိသော ပွင့်ဖတ်များသည် တစ်စုံတစ်ယောက်က နှစ်ခု ခွဲထားသည့်ပုံနှင့်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မြေပြင်ပေါ်တွင် တစ်စုတစ်ဝေးတည်း များစွာ ပေါက်နေသော ပန်းခြုံများထဲမှ ပန်းပွင့်တစ်ပွင့်ကို ကိုင်တွယ်ရင်း ဂျင်က ဆိုသည်။ တစ်ခြမ်းဘဲ ရှိသော ပွင့်ဖတ်များသည် တစ်စုံတစ်ယောက်က နှစ်ခု ခွဲထားသည့်ပုံနှင့်...

" အဲ့ပန်းကို Naupaka ပန်းလို့ ခေါ်တယ်... ချစ်သူတွေ လမ်းခွဲခြင်းကို ကိုယ်စားပြုတယ်တဲ့လေ "

" ဒါဆို သူ့မှာ ပုံပြင်တွေ ရှိမှာပေါ့... ဗန့်ထ်သိရင် ကျွန်တော့်ကို ပြောပြလို့ရမလား? "

ဗန့်ထ်မှာ အရောင်လက်လက် မျက်လုံးတွေနှင့် တောင်းဆိုလာသော ကြွေရုပ်လေးကို ကြည့်သည်။ သိချင်စိတ် ပြင်းပြနေပုံက နှုတ်ခမ်းလေးကပါ တောင်းဆိုသလို ပြုံးယောင်သန်းလျက်... အမိန့်နာခံချင်သည့် စိတ်တွေက ရင်ထဲမှာ ပျံ့နှံ့သည်ထင်...

" ရတာပေါ့ ဂျင်...
.
တစ်ခါတုန်းက ကျွန်းဆွယ်နိုင်ငံတစ်ခုမှာ အရမ်းလှပတဲ့ မင်းသမီးလေး တစ်ယောက်ရှိတယ်တဲ့... တစ်နေ့တော့ မင်းသမီးလေးက တောင်ပေါ်မှာ ရှိတဲ့နန်းတော်ကနေ ပင်လယ်ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်တယ်...
.
အဲ့မှာဘဲ ပိုက်ကွန်သိမ်းနေတဲ့ တံငါသည်နဲ့ တွေ့ပြီး သူတို့နှစ်ယောက်က မြင်မြင်ချင်း ချစ်သွားကြတယ်... ဒါပေမယ့် မြင့်မြတ်တဲ့ မင်းသမီးနဲ့ နှိမ့်ကျတဲ့ တံငါသည်မို့ သူတို့ရဲ့ အချစ်တွေက အသိအမှတ်ပြုခြင်း မခံရဘူး...
.
အဲ့ဒီတော့ ရွာရဲ့ ပညာရှိဆီသွားပြီး အကြံဉာဏ်တောင်းကြတယ်... ပညာရှိကတော့ ယဇ်ပုရောဟိတ်ဆီကို လမ်းညွှန်လိုက်တယ်တဲ့... တောတောင်တွေ ဖြတ်ပြီး ရောက်အောင်သွားခဲ့ရတဲ့ ယဇ်ပုရောဟိတ်ကြီးနဲ့ တွေ့တော့လည်း သူက အချစ်ကို လက်မခံပြန်ပါဘူးတဲ့...
.
ရှေးထုံးထမ်းတွေက ယဥ်ကျေးမှုတွေဘဲမို့ မပယ်ကောင်းပါဘူးတဲ့လေ... ဒါပေမယ့် ကောင်းကင်နတ်ဘုရားတွေဆီ ဆုတောင်းကြည့်ဖို့တော့ အကြံပေးလိုက်တယ်... မင်းသမီးနဲ့ တံငါသည်တို့က ကြောက်နေကြပေမယ့် တောင်ကုန်းပေါ်မှာ အဆက်မပြတ် ဆုတောင်းနေကြတာပေါ့...
.
ကံက ဘယ်လောက်ဆိုးသလဲဆိုရင် ကောင်းကင်နတ်တွေကတောင် မိုးကြိုးတွေ တိမ်တိုက်မဲတွေ ဖန်ဆင်းပြပြီး သူတို့အချစ်ကို သဘောမတူခဲ့ဘူး... ဒါကြောင့် အဆုံးထိ ကြိုးစားခဲ့တဲ့ ချစ်သူနှစ်ယောက်က သူတို့ဟာ မဖြစ်နိုင်မှန်း သိသွားတယ်...
.
အဲ့လိုနဲ့ သူတို့ စစချင်းတွေ့ခဲ့တဲ့ ကမ်းခြေကို ပြန်သွားပြီး တစ်ယောက်နဲ့တစ်ယောက် သေချာကြည့်လိုက်တယ်... မင်းသမီးက သူမခေါင်းမှာ ပန်ထားတဲ့ ဒီပန်းလေးကို နှစ်ခြမ်းခွဲလိုက်ပြီး...
.
'ငါတို့ပြန်တွေ့ကြရင် ဒီပန်းလေးက တစ်ပွင့်တည်း ပြန်ဖြစ်မယ်'
.
ဆိုပြီး ပြောတယ်...
.
ပြီးတာနဲ့ သူတို့နှစ်ယောက်ဟာ တင်းကြပ်အောင် ပွေ့ဖက်လိုက်ပြီး မင်းသမီးက တောင်ပေါ်က နန်းတော်ကို ပြန်သွားတယ်၊ တံငါသည်ကတော့ မင်းသမီးကို စောင့်ရင်း တောင်အောက်က ကမ်းခြေမှာ နေရှာတာပေါ့...
.
ဒါပေမယ့် သူတို့နှစ်ယောက်က ဘယ်တော့မှ ပြန်မဆုံတွေ့တော့သလို Naupaka ပန်းလေးကလည်း အပြည့်မဟုတ်ဘဲ ဒီလိုတစ်ခြမ်းဘဲ ပွင့်တော့တယ်တဲ့၊ မင်းသမီးနဲ့ တံငါသည်ရဲ့ အချစ်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ပေါ့... "

Fantasy WorldWhere stories live. Discover now