Selfish Love 2

260 29 0
                                        

" အချစ် နေမကောင်းဘူးလားဟင် "

ပြန်လာကတည်းက ညအိပ်ရာဝင်တဲ့အထိ တစ်လျှောက်လုံး မျက်နှာမကောင်းသော အချစ်အား နမ်ဂျွန်းမှာ စိုးရိမ်စွာ နဖူးပေါ် လက်လေးတင်ကာ မေးလိုက်သည်။ ဒါကို အချစ်က ရှောင်ဖယ်ပြီး...

" ငါ ဘာမှမဖြစ်ဘူး ဒီနေ့ နည်းနည်း ပင်ပန်းလို့ "

မောင့်ကို ကျောခိုင်းလျက် အနေအထားနှင့် ဆော့ဂျင် ပြန်ဖြေလိုက်သည်။ ထိုမိန်းကလေး၏ ခန္ဓာကိုယ်ကို ထိတွေ့ထားတဲ့ မောင့်လက်တွေနဲ့ သူ့အသားကို မထိစေချင်၊ အတ္တကြီးမှန်းလည်း သိသည်...

" ဒါကြောင့် မောင် ပြောသားဘဲ အချစ်ရယ်... အိမ်အကူလေး ခေါ်ပါလို့... အချစ် သက်သာတာပေါ့ "

မောင့်စကားအား ဆော့ဂျင် အသံမထွက်အောင် ခပ်တိုးတိုး ရီလိုက်သည်။ ရင်ထဲကမပါစွာနှင့်... အိမ်အကူနဲ့ပါ ထပ်ပြီး ဖောက်ပြန်မလို့လား မောင် ဟုပင် မေးလိုက်ချင်သော်ငြား ဖောက်ပြန်သည်ဆိုသည့် စကားကိုက ပြောမထွက်...

" ရပါတယ် မောင်... ငါ့မှာ မောင် ဘဲရှိတာလေ မောင့်အတွက် ဒီလောက်ကတော့ ငါလုပ်ပေးနိုင်ပါတယ် "

ဆော့ဂျင်၏ ခပ်ဆွေးဆွေး စကားသံကြောင့် နမ်ဂျွန်းမှာ မျက်နှာကြက်ကို ကြည့်နေရင်းမှ ဆော့ဂျင်ဘက် လှည့်ကြည့်လိုက်သည်။ သူ့ကို တစ်ခါမှ ကျောပေးမအိပ်ဖူးသော အချစ်သည် ယနေ့မှ ထူးဆန်းစွာနှင့်...

" ဒါနဲ အချစ်! ပြောတော့ မောင့်အတွက် ထမင်းဘူးလာပို့ပေးမယ်ဆို မရောက်လာဘူးရော "

ထိုအကြောင်းအား သိချင်လို့မဟုတ်ပါဘဲ အချစ် သူ့ဘက်လှည့်လာစေရန်သာ ရည်ရွယ်ပြီး နမ်ဂျွန်း မေးလိုက်သော စကား... သို့ပေမယ့် ဆော့ဂျင်သည်ကတော့ မလှည့်တဲ့ အပြင် စောင်ကိုပါ ပိုလို့ဆွဲခြုံကာ...

" ငါ မေ့သွားလို့... အိပ်တော့မယ် "

စကားကို တုံးတိကြီး ဖျက်ချသော ဆော့ဂျင်ကြောင့် နမ်ဂျွန်းမှာ စိတ်ရှုပ်နေမည်စိုး၍ အလိုက်တသိနှင့် ဘာမှမမေးတော့...

" အင်းးး ဂွတ်နိုက် အချစ် "

ထုံးစံအတိုင်း မောင်က ညအိပ်ခါနီး နဖူးပေါ်သို့ နှုတ်ဆက်အနမ်း ခြွေရင်း ဆံပင်လေးအား ဆွဲဖွသွားသည်... တခြားမိန်းမနဲ့ ဖြစ်ချင်တိုင်း ဖြစ်လာတာတောင် ငါ့ကို နမ်းနိုင်သေးတာလား မောင်...

Fantasy WorldWhere stories live. Discover now