အခန်း(၈) မကောင်းတဲ့ အရာဖြစ်နေပြီ

235 28 0
                                    


"ကျွန်တော် ကလေးဘဝတုန်းက မင်းကိုကူညီဖူးတဲ့ လူကို မင်းကပြန်ပြီးကူညီရမယ်လို့ ကျွန်တော့်မိဘတွေက အမြဲဆုံးမခဲ့တယ်။ ဒီပိုက်ဆံလေးက ဘယ်လောက်မှမဟုတ်ဘူး။ ဒီထက်အဆထောင်ပေါင်းများစွာ အဖိုးတန်နေရင်တောင် လိုအပ်ရင် မဆိုင်းမတွပေးဦးမှာပဲ။ ဘာလို့လဲဆိုတော့ ဦးလေးနဲ့ လန့်မုန်ချန် တို့နှစ်ယောက်က ကျွန်တော်လိုအပ်နေချိန် ကူညီခဲ့လို့ပဲ။"

ရှောင်ဖေးက ပြုံးကာဆိုလိုက်သောအခါ သူ၏ပုလဲလုံးများသဖွယ် ဖြူဖွေးကာညီညာနေသော သွားတန်းလေးများ ပေါ်လာသည်။

"ကောင်းပါပြီ။ ဒါဆို ကျေးဇူးတင်စွာနဲ့ လက်ခံလိုက်ပါ့မယ်။"

လန့်မုန်ချန် ကချိုသာစွာပြုံးလိုက်ပြီး၊ တိုးတိုးလေး ပြောလိုက်သည်။ သူမ၏ရင်ထဲတွင် ရှောင်ဖေး ၏စစ်မှန်သော စိတ်စေတနာစကားကြောင့် ထိရှသွားရသည်။ သူမသည် သူ၏ကောင်းမွန်သော စိတ်စေတနာကြောင့် မငြင်းရက်တော့‌ပေ။ လန့်မုန်ချန် လက်ဆောင်ကို လက်ခံပြီးနောက်  ရှောင်ဖေး စိတ်သက်သာရာရသွားသည်။ ကျန်သည့် ဆံထိုးများကို သူ့အိတ်ထဲတွင်သေချာ ပြန်သိမ်းလိုက်သည်။ အဲ့ဒီ အချိန်တုန်းက သူမသူ့အားစိတ်ရင်းနှင့် ကူညီတာကိုသူသိပေသည်။

"ဟုတ်ပြီ...။ခုရှင့်ဘဏ်အကောင့်ထဲမှာ ငွေတွေအများကြီးရှိနေပြီဆိုတော့ ရှင်အဲ့ဒါတွေကို ဘယ်လိုသုံးမလဲ။"

လန့်မုန်ချန် ကသူ့အား အသေအချာမေးသည်။

"အရင်ဆုံး အစိမ်းရောင်စပျစ်နွယ် မြို့တော်မှာ အိမ်တစ်လုံးဝယ်မယ်။ ပြီးတော့ ငါမိဘတွေကို အိမ်အသစ်မှာခေါ်ထားမယ်။ သူတို့ရဲ့ကျန်ဘဝကို သက်တောင့်သက်သာနဲ့ပဲ  ဖြတ်သန်းစေမယ်။တကယ်လို့ မင်းအဆင်ပြေရင် ငါ့ကို မြို့တော်ရဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေကို လိုက်ပြပေးပါလား။  ပတ်ဝန်းကျင်သန့်ရင် ဘယ်လောက်ကုန်ကုန်ဝယ်ပါ့မယ်။ အဓိက၊က ငါ့မိဘတွေ အေးအေးချမ်းချမ်းနဲ့ သက်တောင့်သက်သာ နေနိုင်တဲ့ ပတ်ဝန်းကျင်မျိုးပဲ။"

"ကောင်းပြီ။ကျွန်မကူညီပေးမယ်။"

လန့်မုန်ချန် က သက်တောင့်သက်သာပင် ခေါင်းငြိမ့်ပြလိုက်သည်။

ဘုံသုံးပါးရဲ့စာအိတ်နီအုပ်စုWhere stories live. Discover now