အပိုင်း (၄၂) သမက်နှင့် ယောက္ခမ စကားစစ်ထိုးခြင်း

199 21 0
                                    

unicode

လူနေမှုအဆင့်တန်းချင်း မတူညီသော စုံတွဲတစ်တွဲကို ချမ်းသာသည့် ကောင်မလေးမိဘတွေဘက်က  ဆင်းရဲသောကောင်လေးနှင့် သဘောမတူသောကြောင့် ကောင်လေးကိုခေါ်ကာ ပြောလာသည်။

"ငါတို့ သမီးနဲ့ မင်းကိုသဘောမတူနိုင်ဘူး။ ငါ့တို့သမီးနဲ့မင်း လမ်းခွဲပေး။ မင်းငွေဘယ်လောက်လိုချင်လဲပြော။"

အဲ့လို အကွက်များက ရုပ်ရှင်ဇာတ်ကား များအတွင်းသာရှိသည်ဟု အရင်တုန်းက ရှောင်ဖေးထင်ခဲ့မိသည်။ သို့သော် ထိုအကွက်ကို ယခုအချိန်တွင် သူတကယ့်ကို နဖူးတွေ့ ဒူးတွေ့ကြုံနေရသည်။ လန်မိသားစုသည် မုန့်ချန်ကိုငယ်စဥ်ထဲက မိသားစု၏ အမွေဆက်ခံသူအဖိုးတန် သမီးလေးတစ်ယောက်အဖြစ် လူသိရှင်ကြား ကြော်ငြာခဲ့ကြပြီး၊ ဖူးဖူးမှုတ်ထားခဲ့ကြသည်။ တစ်ခုရှိသည်က သူမကိုသူနဲ့အတူတွဲပြီးမတွေ့ခင် အခြေအနေတွေအားလုံးက တည်ငြိမ်နေခဲ့သည်။ ဒီလိုအသိုင်းဝိုင်းကြီးတစ်ခုထဲသို့ဝင်ဆံ့နိုင်ရန် တစ်ခုတည်းသောလမ်းစမှာ အဆင့်တန်းချင်းတူညီနေရန်ပင်ဖြစ်သည်။ ဒါသည် တကယ့်အဖြစ်မှန်ဖြစ်သည်။ အိပ်ယာဝင်နတ်သမီးပုံပြင်တစ်ခုမဟုတ်ခဲ့ပါ။ ရှောင်ဖေး သိလိုက်ရသည် တစ်ခုကတော့ တကယ့်ဇာတ်လမ်းက အခုမှစတင်တာကိုဖြစ်သည်။

"မောင်ရင် ဦးလေး မင်းကို နောက်ခံအသိုင်းဝိုင်းအကြောင်းတွေပြောခဲ့တယ်နော်။ မောင်ရင် မင်းကတကယ့်ကို အရည်ချင်းရှိတဲ့ လူငယ်တစ်ယောက်ပါ။ မင်းကအရည်အချင်း၊ ရဲစွမ်းသတ္တိနဲ့ ငွေကြေးအခြေအနေလည်းကောင်းတယ်။ မောင်ရင်ရဲ့ အနာဂတ်က မုန့်ချန်ကိုမမှီခိုခဲ့ရင်တောင် တောက်ပနေဆဲပဲ။ မှန်တယ်မဟုတ်လား။"

လန်ကျန့်ကွာက ရှောင်ဖေးကို စိုက်ကြည့်ကာ အလေးနက်ထားမေးလိုက်သည်။

"ဦးလေးပြောချင်တာ ကျွန်တော်က ကျွန်တော့် အနာဂတ်တောက်ပဖို့အတွက် မုန့်ချန်ကိုကပ်နေတဲ့ ကောင်လို့ ပြောချင်တာ ဟုတ်တယ်မလား။"

ရှောင်ဖေးသည် လန်ကျန့်ကွာကို ကြည့်ကာ ပြန်မေးလိုက်သည်။

လန်ကျန့်ကွာက ရှောင်ဖေး၏ အမေးကိုပြန်ပြီးမဖြေခဲ့ပါ။ သူသည် ရှောင်ဖေးကို သိုက်တူးသမားဟု မြင်ခဲ့သည်ဟု ပြောချင်မှန်းသိသာနေသည်။ ရှောင်ဖေးက ထိုကဲ့သို့သော လူများကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးပြီးဖြစ်သည်။ နောက်ဆုံးတော့ ရှောင်ဖေးသည် သူ၏အဆင့်အတန်းက ထိုလူများအမြင်တွင် ဘာမှမဟုတ်မှန်း နားလည်လိုက်သည်။ အကယ်၍ သူသာ လန့်ကျန့်ကွာနှင့် တူညီသောအဆင့်တန်းတွင် ရှိနေပါက သူ့အပေါ်ပြုမူသည့် အပြုအမူအခြေအနေတွေမှာ အလွန်ကွဲပြားသွားပေလိမ့်မည်။

ဘုံသုံးပါးရဲ့စာအိတ်နီအုပ်စုWhere stories live. Discover now