အခန်း(၁၉) ငါရဲ့လက်လေး တစ်ချက်လှုပ်လိုက်ရုံပဲ

197 27 1
                                    


" ဟေ့ကောင် မင်းအဲ့ဒီမှာရပ်နေစမ်း။"

ရှောင်ဖေး အဓမ္မသမားနောက်သို့ လျင်မြန်စွာ ပြေးလိုက်သွားသည်။ စင်္ကြန်လမ်းရဲ့ အဆုံးမှာတော့ ကောင်လေးတစ်ယောက်က ရှောင်ဖေး၏ အော်လိုက်သည့် အသံကိုကြားပြီး၊ သူပြေးနေသည့်အရှိန်ကို တင်လိုက်လေသည်။  ထိုကောင်လေးက ပြေးသည့်နေရာတွင်တော့ တကယ့် ကျွမ်းကျင်အဆင့်ဖြစ်သည်။ သူကပြေးနှုန်းက မာရသွန်အပြေးသမားများ အလားပင်။ ဒါပေမယ့် ကံဆိုးသည်မှာ သူနောက်လိုက်နေသူက ရှောင်ဖေးဖြစ်နေခြင်းပင်။

မင်းက ဘယ်ပြေးမလို့တုန်း ကောင်လေးရ။ မင်းဖေဖေကြီးကို မောအောင်လုပ်နေတာလား။

ရှောင်ဖေး ထိုကောင်လေးကို လှမ်းဆွဲကာလေပေါ်သို့ ကိုင်မြှောက်ထားလိုက်သည်။ အမှန်ပင် ရှောင်ဖေးမှ ထိုသူအား ကိုင်မြှောက်ရန် လက်တစ်ဖက်ကိုသာ အသုံးပြုထားသည်။ ဒါက ကြက်လေး၊ ငှက်လေးကို ကိုင်မြှောက်ထားသည်နှင့်ပင် အလားသဏ္ဍန်တူနေသည်။

"အာ...."

ထိုအဓမ္မသမားမှာ အလွန်တရာ ထိတ်လန့်သွားပြီး၊  မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်က အနည်းဆုံး ပေါင်တစ်ရာ့သုံးဆယ်၊လေးဆယ်ခန့်  အလေးချိန်ရှိပေသည်။ ဒါကိုထိုလူက သူ့ကို ကြက်တစ်ကောင်လို လေပေါ်သို့ ဆွဲမထားပေသည်။ သေစမ်း....။ မင်းကလူရောဟုတ်ရဲ့လား။ ဒီလိုခွန်အားက  အလွန်ကြောက်ဖို့ကောင်း လှသည်။

"ဟေ့ ...မင်းနဲ့ငါက ဘာရန်ငြိုးမှလည်း မရှိဘူးလေ။ ငါ့ကိုလွတ်ပေးနိုင်မလား။ ငါမင်းကို တောင်းပန်ပါတယ်။"

အဓမ္မသမားက ရှောင်ဖေးအား စိုးရိမ်တကြီး တောင်းပန်လေသည်။

"ငါ့ကိုလာ မတောင်းပန်နဲ့။ မင်းတောင်းပန်ချင်ရင် ရဲစခန်းမှာသာ လိုက်တောင်းပန်လိုက်တော့။"

ရှောင်ဖေးက ထိုကောင်၏ပုခုံးအား ပိတ်ရိုက်လိုက်ပြီး၊  ဖမ်းဆီးရန် ပြင်လိုက်သည်။

"ညီအကို...။ ငါ့မှာပိုက်ဆံတွေ အများကြီးရှိတယ်။ မင်း ကြိုက်တဲ့ ပမာဏကိုပြောလိုက်။ ငါမင်းကို ပေးနိုင်တယ်။"

ဘုံသုံးပါးရဲ့စာအိတ်နီအုပ်စုWhere stories live. Discover now