အပိုင်း(၄၁) အသဲကွဲသွားသော သူတို့နှစ်ယောက်။

231 20 3
                                    

unicode

"အမေ။ အဖွား။"

လန်ကျန့်ကွာနှင့် လန်မုန့်ချန်တို့ သားအဖနှစ်ယောက်လုံးမှာ အခန်းတွင်းမှ အားအင်အပြည့်ရွှင်ရွှင်လန်းလန်းနှင့် လမ်းလျှောက်ထွက်လာသည့် အဖွားအိုကို မြင်လိုက်ရသောအခါ အလွန်အံ့အားသင့်တုန်လှုပ်သွားရသည်။ အဖွားအို အခန်းထဲမှထွက်လာသည့်ပုံစံမှာ နဂိုကျန်းမာရေးကောင်းတုန်းကထက်ပင် ပိုပြီးသွက်လက်မြန်ဆန်နေသည်။ အဖွားအိုသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး အသက်ဓာတ်များပြန်ကာ ပြည့်ဝလာပြီဖြစ်သည်။

"မြေးလန်။ အဖွားဆီကိုလာ။ နင့်အဖေရဲ့ အသုံးမကျတဲ့စကားတွေကို နားထောင်မနေနဲ့။"

ဖွားဖွားလန်က သူမ၏မြေးမလေးကို တုန်နေအောင်ချစ်သည်။ အဖွားအိုသည် လန်မုန့်ချန်ကိုဘေးမှာထားပြီး၊ လန်မုန့်ချန်ရဲ့လက်ကိုတွဲကာ မွေးနေ့ပွဲကျင်းပရာ ဥယျာဥ်ကြီးဆီသို သွားခဲ့ကြသည်။

"အဖွား။ အဖွားရဲ့ကျန်းမာရေးအခြေနေက။"

လန်မုန့်ချန်သည် အိမ်မက်မက်နေသူပမာ သူမချစ်ရသော အဖွားကိုငေးကြည့်နေမိသည်။ အဖွားအိုသည် သူမရဲ့မြေးမလေးကိုကြည့်ပြီး သဘောတကျပြုံးလိုက်မိသည်။

"အင်း။ ဟုတ်တယ်မြေး။ အခုအဖွားလုံးဝနေပြန်ကောင်းသွားပြီ။ ဒါတွေအားလုံး ရှောင်ဖေးလေးရဲ့ကျေးဇူးတွေပဲ။ ရှောင်ဖေးလေးတို့ရွာက တိုင်းရင်းဆေးက တော်တော်ကို အစွမ်းထက်တာ။ အဖွားအဲ့ဒီ တိုင်းရင်းဆေးသောက်လိုက်တော့ အဖွားနေမကောင်းတုန်းက ကုန်ဆုံးသွားတဲ့ အင်အားတွေချက်ခြင်းပြန်ပြီး ပြည့်ဝလာတယ်မြေးရဲ့။ အခုအဖွားလေ အသက်ပြန်ငယ်သွားသလိုကို ခံစားနေရတာ။"

လန်မုန့်ချန်၏အဖွားမှာ ပြုံးရွှင်နေပြီး သူမရဲ့လက်ရှိအခြေနေကို အသေးစိတ်ပြန်ကာပြောပြနေသည်။

လန်မုန့်ချန် အလွန်ပင်အံ့ဩနေမိသည်။ သူမက ရှောင်ဖေးအား အရည်လဲ့နေသည့် မျက်ဝန်းညိုကြီးများနှင့် ရွှန်းလဲ့စွာကြည့်လိုက်ပြီး

"ရှောင်ဖေး။ ငါနင့်ကို ကျေးဇူးအရမ်းတင်ပါတယ်။ တကယ့်ကို ကျေးဇူးတင်တာပါ။ အခုနင်ကုသပေးလို့ ငါ့အဖွားကျန်းမာပြီး အသက်ရှည်ရှည်နေထိုင်နိုင်ပြီ။"

ဘုံသုံးပါးရဲ့စာအိတ်နီအုပ်စုWhere stories live. Discover now