အပိုင်း (၃၄) မင်းမဝယ်နိုင်ရင် ထွက်သွားလိုက်။

200 19 0
                                    

ကျင့်ဖေးသည် ရှောင်ဖေးစေခိုင်းသောကိစ္စအား ကြားလိုက်ရသောအခါ သဘောကျအူမြူးစွာဖြင့် ငါးခူပြုံးပြုံးလိုက်သည်။

ထို့နောက်တွင် ကျင့်ဖေးသည် ဝမ်းဖုန်းအနားသို့ မသိမသာတိုးကပ်သွားပြီး ဝမ်းဖုန်း၏ပိုက်ဆံအိတ်ကိုခိုးယူလိုက်ကာ ခပ်ဝေးဝေးက ပုံးတစ်ခုထဲသို့ပစ်ထည့်လိုက်သည်။
ကျင့်ဖေး လှုပ်ရှားမှုများက လျှပ်စီးတမျှမြန်ဆန်လှသဖြင့် သူလုပ်လိုက်သည်ကို ခန်းမတွင်းရှိမည်သူမှ မသိရှိလိုက်ပေ။ ကျင့်ဖေး၏ သူခိုးဘုရင်ဂုဏ်ပုဒ်မှာ အလကားသက်သက် ရလာခြင်းမဟုတ်ပေ။ သူ၏ကျွမ်းကျင်မှုကြောင့်သာ ရလာခြင်းဖြစ်သည်။

ရှောင်ဖေးက ဝမ်းဖုန်း၏ ပြဇာတ်ကို ပျော်ရွှင်စွာကြည့်နေလိုက်ပြီး သူ့စိတ်ထဲတွင်မူ ဝမ်းဖုန်း၏ နောက်ဖြစ်လာမည့်မျက်နှာအား ရွှင်မြူးစွာစောင့်မျှော်နေလိုက်သည်။

မိနစ်အနည်းခန့်ကြာပြီးနောက် ဝမ်ဖုန်း ကားအတွက်  သဘောတူညီမှုရရှိခဲ့သည်။
ထို့နောက်လှပသော ဧည့်ကြိုအမျိုးသမီးက ဝမ်ဖုန်းအားစင်ပေါ်သို့ ဖိတ်ခေါ်လိုက်သည်။

"ဂုဏ်သရေရှိ လူကြီးမင်းအပေါင်းနှင့် အမျိုးသမီးများရှင့်။ ကျေးဇူးပြုပြီးတော့  အခုအချိန်လေးကအရမ်းကို အရေးပါတဲ့အခိုက်တန့်လေးဖြစ်တာကြောင့် ကျွန်မပြောမှာကို တစ်ချက်လောက်နားထောင်းပေးစေလိုပါတယ်ရှင့်။"

လှပသော အမျိုးသမီးပြောလိုက်သည့်စကားကြောင့် ခန်းမတွင်းရှိလူများအားလုံး၏ အာရုံကစင်ပေါ်သို့ ရောက်ရှိသွားကြသည်။

ချက်ခြင်းဆိုသလိုပင် စင်မြင့်ပေါ်ရှိ ဝမ်ဖုန်းမှာ လူအများ၏ စိတ်ဝင်စားမှု၏ အဓိကပစ်မှတ်သွားသည်။ ထို့ကြောင့်ပင် ဝမ်ဖုန်းကသူ၏မေးကိုမော့ချီထားကာဘဝင်လေဟပ်သွားသည်။

လှပသော အမျိုးသမီးက ဆက်ပြီးပြောလိုက်သည်။

"အားလုံးသိကြတဲ့အတိုင်းပဲ bugatti veyron ကားဟာ အကန့်သတ်နဲ့သာထုတ်ထားတဲ့ ကားဖြစ်ပြီး ဒီနိုင်ငံအတွင်းမှာလည်း  bugatti veyron ကသုံးစီးပဲရှိပါတယ်။ ဒါကြောင့် အခုကျွန်မတို့အားလုံး bugatti veyron ရဲ့ပိုင်ရှင်အသစ်ဖြစ်လာမယ့်သူကိုကြိုဆိုလိုက်ရအောင်လားရှင့်။"

ဘုံသုံးပါးရဲ့စာအိတ်နီအုပ်စုNơi câu chuyện tồn tại. Hãy khám phá bây giờ