အခန်း(၁၆) ဒီလိုမျိုးလွှမ်းမိုးနိုင်စွမ်း

212 28 0
                                    


"မလုပ်ပါနဲ့.။ သခင်လေး ရှစ်…ခဏနေပါဦး။"

မန်နေဂျာက ဝမ်ဖုန်း၏အမည်ကို ကြားလိုက်သည်နှင့် အမြီးနင်း ခံလိုက်ရသော ကြောင်တစ်ကောင်လို ကြောက်လန့်သွားသည်။
သူက လန်ဆီသို့ ခပ်မြန်မြန် လျှောက်လာပြီး၊

"သခင်မလေး ကျွန်တော်စိတ်မကောင်းပါဘူး။ အမလေးမြင်တဲ့အတိုင်းပဲ။ ကျွန်တော်လည်း အကျပ်ရိုက်နေတယ်။ ကျေးဇူးပြုပြီး သခင်မလေးတို့နှစ်ယောက် တခြားဆိုင်ကို သွားလိုက်ပါလားခင်ဗျ။ သခင်မလေးတို့ နောက်တစ်ခါလာရင် ကျွန်တော်နှစ်ဆယ် ရာခိုင်နှုန်း လျော့စျေးပေးပါ့မယ်။"

သူတောင်းပန်ဖို့ လန့်ကိုသာရွေးချယ်ခဲ့ပြီး၊ ရှောင်ဖေးအား  ခရမ်းသီးပုတ်တစ်လုံးလို လှည့်တောင် အဖတ်မလုပ်ခဲ့ပေ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသည်ရှောင်ဖေးအား လန်၏ ကီပင်ကောင်လေး (အပျော်မယား/လင်) ဟုယူဆထားသည်။ ကီပင်တွေထဲမှာမှ နာခံမှုရှိတဲ့ ယောကျာ်းလေး တစ်ယောက်ပေါ့။

"ကောင်းပြီလေ။ ငါတို့တစ်ခြားဆိုင် သွားလိုက်ပါ့မယ်။"

လန်က မန်နေဂျာ၏ ယဥ်ယဥ်ကျေးကျေး တောင်းပန်မှုကြောင့် သူ့ကိုခက်ခဲအောင် မလုပ်ချင်တော့ပါ။

သို့သော် ရှောင်ဖေးကတော့ မတူပါ။ သူကိုမန်နေဂျာက လျစ်လျှုုရှု ထားပြီး၊ ဟိုမြင်းမသားစုံတွဲကလည်း လှောင်ပြောင်လျက်ရှိ၏။ သူသည် ထိုဖြစ်ရပ်ကြောင့် စောက်သည်းပေါက်နေပြီး၊ သူဆက်ပြီး အရွဲ့တိုက်ရန် ဆုံးဖြတ်လိုက်သည်။

"ဘာလို့ ငါတို့က တခြားစာသောက်ဆိုင်ကို သွားရမှာလဲ။ ဒီစားသောက်ဆိုင်မှာ မင်းကိုကျွေးဖို့ ငါကတိပေးထားတယ်လေ။ တခြားဆိုင်ကို သွားစရာမလိုဘူး။"

ရှောင်ဖေး တကယ်ပင်စိတ်ပိုင်း ဖြတ်လိုက်ပြီး၊ ဆက်ကာ  ပြောလိုက်သည်။ ဒါက ဝမ်မိသားစု အပိုင်ဖြစ်မှတော့ ဟဲ...ဟဲ... စိတ်တော့မကောင်းဘူး ရှစ်မင်ဝေရေ....။

ရှောင်ဖေး၏ပြောစကားကို ကြားလိုက်သောအခါ လန်သည် သက်ပြင်းခပ်ရဲ့ရဲ့သာ ချလိုက်ပြီး၊ ထိုမာနကြီးသောကောင်လေးကို သူကြည့်နေမိသည်။

ဘုံသုံးပါးရဲ့စာအိတ်နီအုပ်စုWhere stories live. Discover now