အခန်း(၂၃) ပင်လယ်ထဲမှာ ငါးကြီးကြီးတွေအမြဲရှိတယ်

196 26 0
                                    

လန်မုန့်ချန်ကို ယခုအခါ ကြည့်ရသည်မှာ အာဏာပြင်းထန်သည့်  သံမဏိ အမျိုးသမီးတစ်ဦးနှင့်ပင် တူညီနေသည်။

သူမ၏ ပတ်ဝန်းကျင်မှ လွှမ်းမိုးနိုင်သော အရှိန်အဝါများ ထွက်ပေါ်လျက်ရှိသည်။ သူမစိတ်ရှိလျှင် ဦးလေးချင်အား  အမိန့်ပေးပြီး ထိုကျက်သတုံးကောင်အား ခန်းမထဲမှမောင်းထုတ်နိုင်ပေသည်။ ခန်းမထဲရှိလူတိုင်းက သူမ၏ ယခုလို ကြုံတောင့်ကြုံခဲ အာဏာရှင်ဆန်သည့် မျက်နှာ အမူအရာအား ငေးမောနေမိကြသည်။

ရှေးအခါ စကားတစ်ခွန်းရှိခဲ့သည်။ တိတ်ဆိတ်နေသူက မင်းအတွက် ပိုပြီး၊ အန္တရာယ်ရှိသည်ဟူ၍ဖြစ်သည်။
လန်မုန့်ချန်က ပုံမှန်အားဖြင့် သူမတစ်ယောက်တည်းသာ သီးသန့်နေတတ်ပြီး တစ်ပါးသူများနှင့် အဆက်အဆံသိပ်မလုပ်ပေ။ ဒါက လန်မုန့်ချန်ကို သိသူတိုင်းအတွက်တော့ သာမာန်ရိုးကျဖြစ်စဥ်ပင် ဖြစ်သည်။

စံအိမ်အတွင်းရှိ လူတော်တော်များများက ဦးလေးချင်ကို သိထားကြသောကြောင့် မည်သည့်စကားမှ ပြန်မပြောဝံ့ကြပေ။ ရှောင်ဖေး ဦးလေးချင်၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းအားကို သိချင်သွားသည်။

လူအများရှေ့တွင် ဦးလေးချင်၏ အစစ်အမှန်စွမ်းအင်ကို သိနိုင်ဖို့ကတော့ သူ့အတွက်မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ တိုက်ပွဲဝင် စိတ်ဝိညာဥ်၏အစွမ်းကို အသုံးပြုလိုက်သည်။
ဦးလေးချင် ခေါင်းထက်တွင် အပြာရောင်စာလုံးများနှင့် ဖော်ပြချက်များကို သူမြင်လိုက်ရသည်။

ကျင့်ကြံမှု - ခန္ဓာကိုယ်ကျင့်ကြံခြင်းအထွတ်ထိပ်အဆင့်
ကျန်းမာရေး - 3000
တိုက်ခိုက်ရေးစွမ်းအား - 3000

"ဘာ သေစမ်း။ ဦးလေးချင်က စောက်ရမ်းစွမ်းလွန်းတယ်။"

ရှောင်ဖေး သူစိတ်တွင်းမှ အံ့သြတုန်လှုပ်မှုကို ခံစားလိုက်ရသည်။

ဦးလေးချင်က သာမန်မဟုတ်ကြောင်းတော့ သူအစောပိုင်းထဲက ခန့်မှန်းမိခဲ့သည်။ ဒါပေမယ့် ဒီလောက်တော့ မျှော်လင့်မထားခဲ့ပေ။ သူတို့ လူသားများတွင် ကျင့်ကြံခြင်း အဆင့်လေးဆင့် ရှိသည်။ ၎င်းကျင့်ကြံခြင်းတို့မှာ အစောပိုင်းအဆင့်၊ အလယ်လတ်အဆင့်၊ နှောင်းပိုင်းအဆင့်နှင့် အထွတ်ထိပ်အဆင့် ဟူ၍ လေးဆင့်ခွဲထားသည်။ ရှောင်ဖေး၏ တိုက်ခိုက်ရေးစွမ်းအားမှာ တစ်ရာသာ ရှိသောကြောင့် ကျင့်ကြံခြင်း အစောပိုင်းအဆင့် ဟုသတ်မှတ်ရပေမည်။ ဦးလေးချင်နှင့် သူ တိုက်ခိုက်လျှင် ဦးလေးချင်မှ သူ့အားပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ အသာလေး ရိုက်နှက်နိုင်ပေသည်။ ဦးလေးချင်ကို ယခုစံအိမ်တွင်းရှိ သူများအားလုံး ဝိုင်းတိုက်ရင်တောင် ဦးလေးချင်က အားလုံးကို မှောက်သိပ်နိုင်ပေသည်။

ဘုံသုံးပါးရဲ့စာအိတ်နီအုပ်စုDonde viven las historias. Descúbrelo ahora