အခန်း(၁၄) အစွမ်းချေးယူမှု၏အခြေနေနှင့် စည်းကမ်းချက်များ

214 27 0
                                    


အမ်.....။

ထိုသုံးကောင်လုံး အလွန်လန့်ဖြန့် သွားကြသည်။ မလန့်ပဲနေရိုးလား။ သူတို့ခေါင်းဆောင်က ပေါင်တစ်ရာ့ခုနစ်ဆယ်လောက် ရှိတယ်‌လေ။ ဒါကိုသူတို့ရှေ့မှ ထိုပိန်ပိန်ပါးပါးကောင်လေးက အသာအယာဘောလုံးကို ရိုက်သလိုရိုက်သလို ရိုက်ထုတ်လိုက်တာ  ဆယ့်ခြောက်ပေလောက် နှစ်ဆင့်ပြန် လွင့်သွားတာသူတို့အမြင်ပင်။ ဒါက လူသားတစ်ယောက် လုပ်နိုင်စွမ်းရော ဟုတ်သေးလို့လား။ ဒါကိုမိုက်မိုက်ကန်းကန်းနဲ့  သူတို့ပါဝင်ချပါက သူတို့ပါ အရိုက်ခံပြီး လေပေါ်သို့ ပျံဝဲသွားရမည်မှာ သေချာသည်။  သူတို့သုံးယောက်ထတည်းနှင့် ဒီလိုလူ့ဘီလူးကောင်ကို သူတို့ဘယ်လိုမှ မနိုင်ပါ။

ဒုန်း

ဒုန်း

ဒုန်း

ထိုသုံးကောင်လုံး အလျင်အမြန်ဒူးထောက်လိုက်ပြီး၊

"မမလေး လင်း၊ ကျွန်တော်တို့မမလေး လင်းကို စော်ကားမိပါတယ်။ ဒါကသေတာတောင် ခွင့်လွှတ်လို့မရဘူး ဆိုပေမယ့် မမလေးက နူးညံ့တဲ့စိတ်ထားနဲ့ နတ်ဘုရားမလေးပါ။  ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ မှားမှန်းသိပါပြီ။"

လင်း အလွန်ပင် အံ့အားသင့်နေသည်။ ဖြစ်ပျက်သွားသမျှအားလုံးက သူမအတွက်တော့ အိမ်မက်တစ်ခုလိုပင်။ သူမရှေးမှောက် ဖြစ်ပျက်သွားတာတွေက သူမကိုအိမ်မက်တစ်ခုအလား ခံစားနေရသည်။

အချိန်အနည်းငယ်ကြာပြီးနောက် သူမ၏ အံ့သြတုန်လှုပ်နေသည့်စိတ်ကို ထိန်းလိုက်ပြီး
"ရှင်တို့ သုံးယောက်လုံး ထွက်သွားကြတော့။"

သူမ၏အသံက ထိုသုံးယောက်အတွက်တော့ ကွပ်မျက်စင်ပေါ် ရောက်နေသည့် ရာဇဝတ်သားအား အသက်ဘေးမှလွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည့် နတ်ဘုရားတစ်ပါး၏ အသံအလား အလွန်ချိုမိန်လှပေသည်။
သူတို့သုံးယောက်လုံး အလျင်မြန်ထလိုက်ပြီး ထောင့်တွင်ခွေခွေလေး သတိမေ့နေသော သူတို့ခေါင်းဆောင်အားသယ်ပြီး  အလျင်အမြန်ပင် မာရသွန်အပြေးသမားများ အလားပြေးထွက်သွားကြသည်။

ဘုံသုံးပါးရဲ့စာအိတ်နီအုပ်စုWhere stories live. Discover now