အခန်း(၁၈) လေ့ကျင့်ခြင်းနှင့် အောင်မြင်မှု

206 27 0
                                    

ဝန်ကြီးချုပ်ထုံထျန်း - လူငယ်လေး မစိုးရိမ်ပါနဲ့။ ဒီနေ့ကစပြီး မင်းကငါ့ရဲ့ အလုပ်သင်တပည့်ပဲ။ စာအိတ်နီအဖွဲ့ထဲက  တစ်ယောက်ယောက်က ငါ့တပည့်ဖြစ်တဲ့မင်းကို ဒုက္ခရောက်အောင်လုပ်ရင် သူတို့နာမည်တွေကို ငါမှတ်ထားမယ်။ ပြီးတော့ ငါ့ရဲ့ နတ်ဘုရားသတ်ဓါးနဲ့ သူတို့ကို ကောင်းကောင်း ဆုံးမပေးလိုက်မယ်။

"အခုကျွန်တော် စိတ်ချသွားပါပြီ...ဟူး..။"

ရှောင်ဖေး စိတ်ပေါ့ပါးသွားပြီး လေပူများမှုတ်ထုတ်လိုက်သည်။

ဝန်ကြီးချုပ်ထုံထျန်းက စန်းချင်တို့တွင် မာနအထောင်လွှားဆုံးပင် ဖြစ်သည်။ တစ်ချိန်ထဲပင်သူက အပေါင်းသင်းနဲ့ တပည့်များကို တန်ဖိုးထားတက်သူလဲဖြစ်ပြီး သူ၏တပည့်တွေကို အလွန်ကာကွယ်တတ်ပေသည်။  ဒဏ္ဍာရီများအရသူသည် သူ၏တပည့်ကို ကာကွယ်ဖို့အတွက် သူတော်စင်လေးပါးနှင့် တိုက်ခိုက်ရန် နတ်ဘုရားသတ်ဓားကို ဖန်တီးခဲ့သည်ဟု အဆိုရှိသည်။ လက်ရှိအခြေနေများကို ကြည့်ခြင်းအားဖြင့် ဒဏ္ဍာရီများသည် မှားယွင်းပုံမရချေ။

"ရူးသွပ်ပြီး ဒေါသကြီးတတ်ပေမယ့် အန္တရာယ်တန်ခိုးရှိတဲ့ လူတစ်ယောက်ရဲ့အကာကွယ်ကို ရထားတာတကယ့်ကို မဆိုးဘူး။ အခုငါလုပ်ရမှာက ကိုယ့်ကိုယ်ကို သန်မာလာအောင် တတ်နိုင်သမျှလေ့ကျင့်ဖို့ပဲ။"

ရှောင်ဖေး စိတ်ထဲတွင်တွေးတောပြီး၊ ဆုံးဖြတ်ချက်ခိုင်မာစွာ ချလိုက်သည်။

"ဘုံသုံးခုရဲ့ငြိမ်းချမ်းရေး၊ တွေသာယာရေးတွေ အသာထားဦး။ အရင်လုပ်ရမှာက ပထမဆုံး ဘုရင်ရှန်ဂူးလို သန်မာလာရမယ်။ ပြီးတော့လူတစ်ထောင်ကို လက်ညှိုးတစ်ချောင်းနဲ့ အသာအနိုင်ယူနိုင်တဲ့လူ ဖြစ်လာစေရမယ်။ အခုအရင်ဆုံး ရထားတဲ့စာအိတ်နီတွေကို ကြည့်ဖို့အချိန်တန်ပြီကွ။"

ရှောင်ဖေး တွေးနေတာတွေ ရပ်တန့်လိုက်ပြီး သူ၏ရတနာသေတ္တာကို ဖွင့်လိုက်သည်။

အသွင်ပြောင်းလဲခြင်း မျောက်မွှေး၊ ချစ်မေတ္တာဖြင့် လက်ထပ်ထိမ်းမြားခြင်း၊ ဆေးပေါင်းတစ်ရာ ဆေးပုလင်း၊ ကောင်းကင်မြေကြီး မူလဘူတကျမ်းစာ၊သန်စင်ဆေးပြား၊ ခွေးများအတွက် ခွေးစာတို့ကို သူ၏ရတနာသေတ္တာထဲတွင် တွေ့ရသည်။ နောက်ပစ္စည်းသုံးခုမှာ သူအစောပိုင်းတုန်းက ရထားသည့်ပစ္စည်းများ ဖြစ်သည်။ သူခွေးစာကို ဘေးဖယ်ထားလိုက်ပြီး ကျန်နှစ်ခုအား စစ်ဆေးလိုက်သည်။

ဘုံသုံးပါးရဲ့စာအိတ်နီအုပ်စုNơi câu chuyện tồn tại. Hãy khám phá bây giờ