သူ့၏ဖုန်းမှ မိနစ်အနည်းငယ်အကြာတွင်ပြန်လည်တုန်ခါလာခဲ့သည်။
ဒင်
[ငရဲမင်းမှ သင်၏သူငယ်ချင်းတောင်းဆိုချက်ကို လက်ခံလိုက်သည်။]
ရှောင်ဖေးသည် သူဖုန်းမျက်နှာပြင်ကိုကြည့်ကာ သူ့မျက်လုံးများအေးခဲသွားပြီး သူ့မျက်နှာကလည်း မှင်တက်နေမိသည်။ ဆိုရိုးလည်းရှိပေသည်။ အကယ်၍ငရဲမင်းက မင်းသေမယ့် အချိန်ကိုသတ်မှတ်ပြီးရင် မင်းသေကိုသေရမည်ဖြစ်သည်။ ရှောင်ပေ ငရဲမင်းကိုမထီမဲ့မြင်လုပ်ခြင်းသည် ကောင်းသောအကြံမဟုတ်မှန်း သိပေသည်။
ရှောင်ပေ - ကျေးဇူးပါ ယန်ဝမ့်။
ယန်ဝမ့် - ဘာကိစ္စရှိလို့လဲ။
ရှောင်ဖေး - အကိုပါကျဲက မင်းဆီမှာ သေမျိုးလူသားတွေရဲ့ စွမ်းအားကို မြှင့်တင်ဖို့ "စစ်မှန်တဲ့ခွန်အား" အချို့ကို ချေးယူနိုင်တဲ့ နည်းလမ်းရှိတယ် လို့ပြောခဲ့လို့။
ယန်ဝမ့်: တကယ်လို့ ပါကျဲဆီက ဒီအကြောင်းကိုသိခဲ့ရင် စည်းမျည်းတွေကိုလည်း သိတယ်မလား။
(🙂🙂🙂)ရှောင်ဖေးက
"ငရဲမင်းက emojisသုံးလိမ့်မယ်လို့ ထင်ကိုမထင်ထားဘူး။ ဒါက အရမ်းချစ်စရာကောင်းနေတယ်။"
ရှောင်ပေ - ငါစည်းမျည်းတွေကို သိပါတယ်။ ငါတကယ်ကောင်းတဲ့ အစားစာတစ်ချို့နဲ့ ကမ်းလှမ်းဖို့ ဆန္ဒရှိပါတယ်။ မင်းဘာစားချင်လဲ ငါကိုပြောကြည့်လေ။
ယန်ဝမ့် - ငါဒီတစ်ခါ အရသာကိုဂရုမစိုက်ဘူး။ ငါ့အတွက် အသစ်အဆန်းဖြစ်စေမယ့် စားစရာတစ်ခုကိုလိုချင်တယ်။ ငါသာမန်အစားစာတွေကို မစားနိုင်တော့ဘူး။
(😐😐😐)ယန်ဝမ့် - ပြီးပြီး။ မင်းစဥ်းစားပါ။
ယန်ဝမ့် - ၁၈ထပ်မြောက်ငရဲမှာ ငါအစည်းဝေးတက်စရာ ရှိသေးတယ်။ မင်းမှာစဥ်းစားဖို့အချိန် ငါးမိနစ်ရှိတယ်။ မင်းစဥ်းစားပါ။
(⏰⏰⏱️)"အင်းးး။"
ရှောင်ဖေး အလွန်စိတ်လှုပ်ရှားနေသည်။
ညမှာ၁၁နာရီခန့်ရှိပြီဖြစ်သည်။ သူတက္ကစီပေါ်မှ စားသောက်ဆိုင်တန်းများကို ကြည့်ပြီးစားစရာတစ်ခုခု အမြန်ရှာနေမိသည်။ ကံမကောင်းစွာပဲ အချိန်ငါးမိနစ်အတွင်း ယန်ဝမ့်အတွက် သင့်တော်မည့်အစားစာကို ရှာမတွေ့ခဲ့ပါ။
CZYTASZ
ဘုံသုံးပါးရဲ့စာအိတ်နီအုပ်စု
Tajemnica / Thrillernovel name- Red Envelope Group of the Three Realms author - Xiǎo jiàozhǔ စိတ်သဘောထားသေးသိမ်သည့် ရုပ်ဝါဒီ သေမျိုးများ၏ ကမ္ဘာတွင် လူ့အဖွဲ့အစည်းအတွင်း အခြေခံလူတန်းစား ဆင်းရဲသားနင်းပြားများသည် မောက်မာထောင်လွှားသည့် အထက်တန်းလွှာရေပေါ်စီ လူတန်းစားများ၏...