မွေးနေ့ပွဲတွင် ဖြစ်ပျက်သမျှဟာ ဒီအသိုင်းအဝိုင်းထဲတွင် တော်တော်လေးပျံ့နှံ့သွားသည်။ရှောင်းကျန့်ရဲ့ နဂိုကရထားသည့် ရိုင်းစိုင်းသည့်သခင်ဆိုးလေးနေရာမှာ အရှက်မရှိသည့်ဆိုတဲ့စကားလုံးလေးပါ တိုးလာခဲ့သည်။
ရှောင်းကျန့် အိမ်ပြန်ရောက်တော့ လူစုံတက်စုံကို မြင်လိုက်ရသည်။သရော်ပြုံးပြုံးလိုက်ပြီး
"အိုးးးး.....တစ်နှစ်မှာတစ်ခါတောင် မမြင်ရတဲ့ အမေပါ ရောက်နေပါလား...ဘယ်သူတွေ ရှိသေးလဲကြည့်ရမယ်...အာ...နိုင်ငံတကာပတ်ပြီး မိန်းမလိုက်ယူနေတဲ့ အဖေလည်း ရှိနေတာဘဲ...တကယ်ကို အံ့သြဖွယ်ရာ မြင်ကွင်းဘဲ"
သူ့စကားကြောင့် မိဘနှစ်ယောက်စလုံးဟာ ဒေါသထွက်သွားကြသည်။သို့သော် ရှောင်းကျန့်ပြောသမျှဟာ မှန်နေတာမို့ ဘာမှပြန်မပြောနိုင်ပေ။မိဘဆိုသည့်အရှိန်အဝါဖြင့် ဆူပစ်လိုက်ချင်ပေမဲ့ ရှောင်းကျန့်ဟာ ရှောင်းအိမ်ရဲ့ရာထူးအကြီးဆုံးအဖိုးကြီးရဲ့ အသက်လေးဖြစ်နေသည်။
ထို့ပြင် ရှောင်းမိသားစုအမွေကိုဆက်ခံမည့် အကြီးဆုံးသားဖြစ်သူ ရှောင်းယွင်ကလည်း ညီအငယ်ဆုံးလေးကို တုန်နေအောင်ချစ်သေးသည်။
ဒုတိယသားဖြစ်တဲ့ ရှောင်းကျိကလည်း တည်ငြိမ်ရိုးသားတဲ့ဆရာဝန်လေးဖြစ်ပေမဲ့ ညီငယ်လေးကို ဆိုးသွမ်းသည်အထိ အလိုလိုက်လွန်းသည်။
ဒီအိမ်မှာ ရှောင်းကျန့်က သူတို့ထက်တောင် အရေးပါအရာရောက်တာကြောင့် ဒေါသလျှော့ကာ ငြိမ်နေလိုက်တော့သည်။
ရှောင်းဖိုးဖိုးဟာ မြေးဖြစ်သူကို ကြင်နာစွာကြည့်လိုက်ပြီး သူ့ဘေးနားမှာ လာထိုင်ရန် လက်ယက်ခေါ်လိုက်သည်။
ရှောင်းကျန့် သူ့မိဘတွေကို အဖက်မလုပ်ဘဲ အဖိုးဖြစ်သူဘေးမှာဘဲ ထိုင်လိုက်သည်။သူထိုင်လိုက်တာနဲ့ အဖေဖြစ်သူက စကားစပြောလာသည်။
"ရှောင်းကျန့်...မင်းဒီနေ့ညဘာလုပ်ခဲ့လဲ"
"သိနေတာဘဲကို မေးနေသေးတယ်...ကျွန်တော့်ကို ငတုံးလို့ ထင်နေတာလား...အဖေ့ရဲ့ မယားငယ်အသစ်စက်စက်လေးက ဝမ်အိမ်တော်အခွဲကမလား"
