Part (10)

396 67 0
                                    

ရှောင်းကျန့်က ယွီချင်းဟော်ရောက်လာတာကိုတွေ့တော့ ဖော်ရွေစွာ ပြုံးပြနှုတ်ဆက်လိုက်သည်။သို့သော် သူ့အပြုံးတွေထဲမှာ လှောင်ပြောင်မှုတွေ ပါနေသည်။

"မင်္ဂလာပါနေ့လည်ခင်းပါ ယွီသခင်မလေး...နေ့လည်စာစားပါဦးလား"

ယွီချင်းဟော်ဟာ ရှောင်းကျန့်အပြုံးကိုမြင်တော့ ဒေါသတွေထွက်လာကာ ဝမ်ရိပေါ်ကို မေးတော့သည်။

"ရိပေါ်...သူကဘာလို့ ဒီရောက်နေတာလဲ"

"သူက အသစ်ခန့်ထားတဲ့ရှေ့နေလေ"

ဝမ်ရိပေါ်က ယွီချင်းဟော် စိတ်ဆိုးသွားမှာကို မသိသည့်နှယ် အေးအေးဆေးဆေးပြောလိုက်သည်။ယွီချင်းဟော်က ဒေါသတွေပေါက်ကွဲလာကာ

"သူ့လိုလူကို ဘာလို့ခန့်ထားတာလဲ...သူ့လိုပြဿနာကောင်က ရှေ့နေလုပ်ပြီး ပြဿနာမရှာဘူးဆိုတာ သေချာလို့လား...ရိပေါ် ရှင်သူ့ကို အလုပ်ထုတ်လိုက်တော့"

ဝမ်ရိပေါ်က အတော်ကြာတဲ့အထိ စကားပြောမလာပေ။သူ့ပုံစံကလည်း ပိုပြီးအေးစက်လာတာကြောင့် ယွီချင်းဟော်ရဲ့ဒေါသတွေတောင် ပျောက်သွားကာ ကြောက်ရွံမှုတွေ အစားဝင်လာသည်။သို့သော် သူမပြောတဲ့ထဲ အမှားတစ်ခုမှ မပါတာကြောင့် သူမကို စိတ်ဆိုးတာမဟုတ်ဟု တွေးလိုက်သည်။သူမစကားကြောင့် ရှောင်းကျန့်ကို စိတ်ဆိုးသွားတာ ဖြစ်ရမည်။

"ရိပေါ်"

"ကိုယ့်ဘဝမှာ ကိုယ့်ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်တာကို အမုန်းဆုံးဘဲ...ယွီချင်းဟော် မင်းသာ ကိုယ့်ဇနီးလောင်းမဟုတ်ရင် ကိုယ်မင်းကို ဆွဲထုတ်သွားခိုင်းတာကြာပြီ...နောက်တစ်ခါ ကိုယ့်ကို ဘာမှမေးခွန်းလာမထုတ်နဲ့...မင်းနဲ့ကိုယ်နဲ့က လက်မထပ်ရသေးဘူး...အရာရာကို ဝင်မစွက်ဖက်ပါနဲ့"

ဒီတစ်ခါတော့ ယွီချင်းဟော် အရှက်ရသွားသည်။သူမကိုအရှက်ခွဲခဲ့တဲ့ရန်သူရှေ့မှာ သူမသတို့သားလောင်းက သူမကို အရှက်ထပ်ခွဲခဲ့သည်။ရှက်လွန်းလို့ ရုံးခန်းထဲကနေ ထွက်သွားတော့သည်။မထွက်သွားခင် ရှောင်းကျန့်ဆီက Byeဆိုပြီး လက်ပြနှုတ်ဆက်တာကိုတောင် မြင်လိုက်ရတော့ ရှက်လည်းရှက် ဒေါသလည်းထွက်ကာ မျက်ရည်တွေပါ ကျလာတော့သည်။

CilantroWhere stories live. Discover now