ယွီချင်းဟော် ဝမ်ရိပေါ်ရုံးခန်းထဲကိုရောက်တော့ စားပွဲခုံအပိုတစ်လုံးကို တွေ့လိုက်သည်။
"ဒါက?"
ဝမ်ရိပေါ်က အလုပ်လုပ်နေဆဲမို့ သူမကိုတစ်ချက်တောင် မော့မကြည့်ဘဲ ပြောလိုက်သည်။
"ရှေ့နေအသစ်အတွက်"
"ရှေ့နေအသစ်လား?ဘာလို့ ရုံးခန်းသီးသန့်မပေးတာလဲ"
"တစ်လလောက်ဘဲမို့လို့"
ယွီချင်းဟော်က ရှေ့နေအသစ်က ရှောင်းကျန့်လို့ ယောင်လို့တောင်မတွေးမိတာကြောင့် ဘာမှထပ်မပြောတော့ပေ။သူမက ငြိမ်ငြိမ်လေးဘဲနေပြီး ရိပေါ်အလုပ်ပြီးတဲ့အထိ စောင့်နေလိုက်သည်။
နာရီဝက်တောင် မကြာသေးချိန်မှာ သူမပျင်းလာခဲ့သည်။ထို့ပြင် ရိပေါ်ကလည်း သူမကို အဖက်မလုပ်တာကြောင့် ဒီနေရာကနေ အမြန်ထွက်သွားချင်သည်။သို့သော် သူမမိဘတွေက သူမရဲ့သိတတ်လိမ္မာမှုကို ရိပေါ်ဆီပြရမည်ဟု ပြောထားတာကြောင့် မစောင့်ချင်ပေမဲ့လည်း စောင့်မှရမည်ဖြစ်သည်။
ထို့ကြောင့် အားနေမည့်အတူတူ ဓာတ်ပုံရိုက်နေလိုက်သည်။ရိပေါ်ကိုပါ သူမဓာတ်ပုံထဲတွင်ပါအောင်ရိုက်လိုက်ပြီး လိုင်းပေါ်တင်လိုက်သည်။
သူမဓာတ်ပုံတင်ပြီးတာနဲ့ commentများ ရောက်လာတော့သည်။အများစုက သူမနဲ့ဝမ်ရိပေါ်ကလိုက်ဖက်ကြောင်းပြောထားကြပြီး တချို့က ဝမ်ရိပေါ်လိုလူမျိုးရထားသည့်သူမကို မနာလိုဖြစ်မိတယ်လို့တောင် အလွန်အကျူးချီးကျူးထားကြသည်။
ထို့ပြင် သူမရဲ့အလှကို ချီးကျူးထားသူတွေလည်း ရှိသေးသည်။Commmentကောင်းတွေကြောင့် သူမရဲ့ စိတ်အခြေအနေက ကောင်းမွန်လာခဲ့သည်။သို့သော် commentတစ်ခုကို မြင်လိုက်ရချိန်မှာ ဒေါသထွက်သွားခဲ့သည်။
YB's future baby Xiao "Wow...ဓာတ်ပုံထဲကနေတောင် လျစ်လျူရှုခံရတဲ့အနံ့တွေကို ရနေပါလား"
သေချာတာပေါ့။accountပိုင်ရှင်က ရှောင်းကျန့်ပါဘဲ။ယွီချင်းဟော်က နာမည်မြင်ထဲက အန်ချင်သွားပြီး ချက်ချင်း replyပြန်လိုက်သည်။
Beauty Yu "စာသားထဲကနေတောင် မနာလိုတဲ့အနံ့တွေ ရနေပါလားနော်"
YB's future baby Xiao "ဒီreplyကိုကြည့်ပြီး ငါပြောတာက မှန်နေတာဘဲလို့ သိလိုက်ရတယ်"