ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ရုံးခန်းကို သူ့နေရာနဲ့ အဝေဆုံးတစ်ခုအား ရွေးပေးလိုက်ပြီး ကောင်းရှန့်ကို လိုက်ပြခိုင်းလိုက်သည်။
"ကျွန်တော့်အတွက် ရုံးခန်းလား"
"ဟုတ်တယ်"
"မလိုပါဘူး...တစ်လဘဲဟာကို... ဒီမှာဘဲ နေလိုက်မယ်လေ...ပြီးတော့ ဒီတစ်လထဲမှာ ကျွန်တော်လုပ်ရမဲ့အလုပ်ကလည်း နည်းနည်းလေးဘဲဟာကို"
ဝမ်ရိပေါ် ရှောင်းကျန့်ကို စိတ်မရှည်စွာ ကြည့်လိုက်ပြီး
"ဘယ်အလုပ်သမားက သူတို့သူဌေးရုံးခန်းထဲမှာ နေလို့လဲ"
"အော်...မနေဘူးလား...ဒါပေမဲ့လည်း ကျွန်တော်က ခင်ဗျားရဲ့ အနာဂတ်ခင်ပွန်းလောင်းလေ...အလုပ်သမားစစ်စစ်မှ မဟုတ်တာ"
"မင်းဘယ်ကရလာတဲ့သတ္တိနဲ့ ကိုယ့်ကိုမင်းခင်ပွန်းလောင်းလို့ ပြောရဲရတာလဲ"
ရှောင်းကျန့် သူ့လက်နဲ့မေးထောက်ကာ ဝမ်ရိပေါ်ကို နူးနူးညံ့ညံ့ ကြည့်ရင်း ပြောလိုက်သည်။
"နှလုံးသားထဲက လာတဲ့သတ္တိတွေနဲ့လေ"
"ရှောင်းကျန့်...ကိုယ်မင်းကို မချစ်ဘူး"
"No...No...အဲ့လိုပြောရမှာမဟုတ်ဘူး...ကိုယ်မင်းကို မချစ်သေးဘူးလို့ပြောရမှာ"
"မင်းက ယုံကြည်ချက်တွေ ပြင်းထန်နေတာဘဲ"
ရှောင်းကျန့် ခေါင်းရမ်းလိုက်ပြီး
"မဟုတ်ဘူး...ယုံကြည်ချက်တွေ ပြင်းထန်နေတာ မဟုတ်ဘူး...ချစ်စိတ်တွေ ပြင်းထန်နေတာ"
"ဒါဆို ကိုယ်က မင်းကို မုန်းစိတ်တွေ ပြင်းထန်နေတာဘဲ"
ရှောင်းကျန့် သဘောတကျ ရယ်လိုက်မိသည်။
"ကျွန်တော် ခင်ဗျားကို မေးစရာရှိတယ်...ခင်ဗျားဘာလို့ နံနံပင်ကို အရမ်းကြိုက်ရတာလဲ...သူ့မှာ အနံ့ပြင်းရှရှရှိတယ်လေ"
"မင်းမသိဘူးလား....နံနံပင်ဆိုတာ စားစရာတချို့ရဲ့ အကောင်းဆုံးတွဲဖက်လေ...သူ့အနံ့ကို လူတွေက သဘောမကျပေမဲ့ ဟင်းအနံ့တွေမွှေးဖို့ သူ့ကို သုံးနေရတာဘဲ"
"အွန်း...ခင်ဗျားပြောတာ နားထောင်ကြည့်တော့ ကျွန်တော်လည်း နံနံပင်နဲ့တူတယ်ဆိုတာကို သိလိုက်တယ်...ဝမ်ရိပေါ် ခင်ဗျားကျွန်တော့်ကို ချစ်လာမှာ သေချာတယ်"