(Matureအခန်းမို့ မဖတ်ချင်ရင် ကျော်ဖတ်ပါနော်)
ရှောင်းကျန့်က ဝိုင်ကိုသောက်ဟန်ဆောင်ကာ တစ်ငုံတောင် မသောက်ဖြစ်ပေ။ဝမ်ရိပေါ်ကလည်း ဝိုင်တို့အရက်တို့သောက်ခဲသည်မို့ သိပ်မသောက်သော်လည်း နှစ်ခွက်သုံးခွက်လောက်တော့ သောက်မိသွားသည်။
အများဆုံးသောက်တာကတော့ ကောင်းရှန့်ပင်။ထို့ကြောင့် ခဏလေးနှင့်ပင် မှောက်သွားတော့သည်။ရှောင်းကျန့်ကလည်း မူးဟန်ဆောင်နေတော့ ဝမ်ရိပေါ်လည်း မမှောက်ခင် ဝိုင်ကပြင်းလွန်းလို့ဟုသာ ထင်လိုက်သည်။ပုံမှန်လည်း မသောက်ဖြစ်သည်မို့ သူ့ရဲ့ alcohol ခံနိုင်ရည်ကို သေချာမသိတာလည်း ဖြစ်သည်။
ဝမ်ရိပေါ်မှောက်သွားတာ သေချာတော့မှ ရှောင်းကျန့်လည်း ထပ်မဟန်ဆောင်တော့ပေ။သူက ကောင်းရှန့်အတွက် အငှားယာဥ်မောင်းခေါ်ပေးလိုက်ပြီး နောက်ကြောင်းရှင်းစေရန် သူတို့နှစ်ယောက်အတွက်ပါ အငှားယာဥ်ခေါ်လိုက်သည်။
ကောင်းရှန့်အနေနဲ့ ဘာကိစ္စမှမဖြစ်ရလေအောင် ဝမ်ရိပေါ်နဲ့အတူ စားသောက်ပွဲရှိတိုင်း ဘာမှမသောက်မစားဖြစ်ပေ။သို့သော် ဒီနေ့က သူတို့ကုမ္ပဏီမှရှောင်းကျန့်က ကျွေးမွေးတာမို့ ဘာပြဿနာမှ မရှိနိုင်ဘူးဟုထင်ကာ စိတ်ကြိုက်သောက်မိသွားခြင်းဖြစ်သည်။သို့သော် သူကတော့ သူ့ရဲ့ သောက်နိုင်ရည်ကို သိရှိတာမို့ သူမမှောက်သွားခင် စိတ်တော့ထင့်သွားခဲ့သည်။
ကောင်းရှန့်ကို အငှားယာဥ်မောင်းနှင့် ထည့်ပေးပြီးနောက် ရှောင်းကျန့်ဟာ ဆိုင်ကမန်နေဂျာနှင့် တာဝန်ကျစားပွဲထိုးလေးကို သေချာမှာကြားလိုက်သည်။
"မနက်ဖြန်ကျရင် ဒီကိစ္စကို စုံစမ်းကြလိမ့်မယ်...အဲ့ကျရင် ဖြေရမှာက ငါတို့က အရမ်းမူးနေလို့ အငှားယာဥ်မောင်းခေါ်ပေးပြီး ဟိုတယ်ကို ပို့ပေးခဲ့တာလို့...ဘာလို့ ဟိုတယ်ပို့ပေးလဲမေးရင် ငါက မူးနေရင်းနဲ့ ငါ့အဘိုးပိုင်တဲ့ဟိုတယ်နာမည်ကို ပြောထွက်သွားတာလို့ပြောလိုက်...အဲ့တာနဲ့ဘဲ မင်းတို့က ငါတို့သုံးယောက်စလုံးကို ဟိုတယ်တစ်ခုတည်း ပို့ပေးလိုက်တာ...နားလည်ပြီလား"
