"Was he feeling the same pain?"
(Unicode)
ဘုန်း!!!!!!တိတ်ဆိတ်နေတဲ့စာကြည့်ခန်းထဲ စားပွဲခုံကိုရိုက်လိုက်တဲ့အသံက ကျယ်လောင်စွာ ဖုံးလွှမ်းသွားခဲ့သည်။
"ဒီအမှတ်စာရင်းကဘယ်လိုဖြစ်တာလဲ? ဘာလို့ အမှတ်ပြည့်မဖြစ်ရတာလဲ
မင်းဉာဏ်ထိုင်းနေတာလား ဘာလို့အဲ့လောက်အသုံးမကျရတာလဲ""အချိန်မလောက်ဖြစ်သွားလို့ပါ"
"အချိန်ကိုသေချာမညှိဘူးလား
မင်းရော ကလေးကိုသေချာမကြည့်ဘူးလား ဘယ်လိုတွေသင်ပေးနေတာလဲ!!!"သူ့ကိုဆူပူနေရင်းနဲ့မှ ဖေဖေ့ရဲ့မြားဦးက မေမေ့ဘက်လှည့်သွားပြန်တယ်။
သူငြီးငွေ့လှပြီ။ သူတအားပင်ပန်းလှပြီ။ ကြိုးစားနေပေမဲ့ အမြဲအလွဲအချော်ဖြစ်နေတဲ့ သူ့ကိုယ်သူလည်းစိတ်တိုလှပြီ။ အမှတ်စာရင်းထွက်တဲ့အချိန်တိုင်းက သူ့အတွက် အိပ်မက်ဆိုးနဲ့ငရဲတစ်ခုလိုပဲ။မေမေ့ဆီက စိတ်ပျက်နေတဲ့ အကြည့်ကိုရတော့ သူ့အတွက်ခိုလှုံစရာအရိပ်မရှိတော့သလိုလည်းခံစားရသည်။
ကိုယ်ချစ်ရတဲ့သူတွေဆီက အသိအမှတ်မပြုခံရတဲ့ ခံစားချက်က အတော်ဆိုးရွားတယ်ဆိုတာ သူအတော်သိနေခဲ့ပြီးပြီ။ ထိုသို့အသိအမှတ်ပြုတာခံရဖို့အတွက် သူဘယ်လောက်ပင်ပင်ပန်းပန်းကြိုးစားနေရသလဲ။
အချိန်မညှိနိုင်လို့ သင်္ချာကို အမှတ်ပြည့်မဖြေနိုင်ခဲ့ဘူး။အင်္ကျီလက်ရှည်အောက်က သူ့ရဲ့ စုတ်ပြတ်နေပြီး ဓာတ်ခဲအားကုန်နေတဲ့နာရီလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ထိုအခန်းထဲကနေထွက်လာခဲ့သည်။
သူတံခါးကိုပိတ်လိုက်တဲ့အချိန်မှာပဲ စကားသံတွေကထပ်ထွက်လာသည်မို့ အပေါ်ထပ်ကိုတက်မသွားပဲရပ်ပြီး ဆက်နားထောင်နေခဲ့မိသည်။
ထိုအရာကသူ့အတွက် အကြီးမားဆုံးနောင်တတစ်ခုပဲ။"သူအမြဲဒီလိုဖြစ်နေတော့မှာလား ကျွန်မလည်း သူ့ကိုထိန်းနေတာပဲ လိုက်ကြည့်နေတာပဲ အမြဲအားရတယ်လို့ကိုမရှိဘူး ဒီပုံစံအတိုင်းဆို သူဆေးကျောင်းမမှီဘူး သူ့အစ်မခြေရာကိုနည်းနည်းမှမနင်းနိုင်ဘူး သူ့အစ်မဂျီဆောလ်ဆို ဘယ်လောက်တော်လိုက်လဲ"
YOU ARE READING
My Door of Happiness | Jensung (Completed)
FanfictionI'll be your door to your hapiness I'll never leave you alone