Chapter 4

418 57 1
                                    

"I miss you"

(Unicode)

"ငါ့လည်ပင်းကိုနမ်းလိုက်တယ် နှာခေါင်းနဲ့ ငါ့အသားကိုလာထိတာ အခုထိကြက်သီးထနေတုန်းပဲ"

"ပြီးတော့ သူသိသွားတယ် ငါကသူ့ကိုကယ်ခဲ့တဲ့သူဆိုတာကို ရေမွှေးနံ့ခံပြီး တန်းသိတာတဲ့ သူ့နှာခေါင်း ဘာလို့ အနံ့ခံအဲ့လောက်ကောင်းနေတာလဲ"

​အရှေ့နဲ့အနောက်ကို ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး ပွစိပွစိ လုပ်ခါပြောနေမိသည်။
သို့သော် ...

ကဂျွတ် ! ကဂျွတ်! ကဂျွတ်!

"ဒီပေါင်တုံးအရသာရှိတယ် garlic sauceနဲ့ ဒီဟာစားကြည့်"

ဂျယ်မင်းပန်းကန်ထဲကြက်ပေါင်တုံးထည့်ပေးနေတဲ့ ဒုံဟျော့။

"မဟုတ်ဘူး အဲ့တာထက် cheese toppingနဲ့ကပိုကောင်းတာ"

ပါးကဖောင်းကားမတတ်အပြည့်ဝါးနေတာကို လက်ကနေလည်း ကြက်တောင်ပံ အသင့်ကိုင်ထားတဲ့ဂျယ်မင်း။

"နှစ်ခုလုံးအရသာရှိတယ် မေကြီးက ဒီတစ်ခါမီနူးတကယ်ဒယ်ဘ!! ဖြစ်အောင်လုပ်ထားတာပဲ
ကြွပ်ရွနေရော ဗိုက်ကလည်းပြည့်မလာဘူး ငါစားတာ နှစ်ပွဲရှိပြီထင်တယ်"
လက်နှစ်ဖက်လုံးကြက်ပေါင်တွေကိုင်ထားပြီး ပလုတ်ပလောင်းစားနေသော အင်ဂျွန်း။

"သားတို့ အရသာရှိရှိစားနော်" ဆိုပြီး ထပ်ပြီး ကြက်ကြော်တွေအိုးလိုက်သွန်သွားတဲ့ ဂျဲနိုရဲ့မေမေ။

"ဟေး!!!!! ကျေးဇူးတင်ပါတယ် ကောင်းကောင်းစားပါ့မယ် မေကြီး!!"

ဟု ပျော်ရွှင်တက်ကြွစွာနဲ့ အသစ်ရောက်လာတဲ့ ပူပူနွေးနွေး ကြက်ကြော်တွေကို သုံးယောက်သားအငမ်းမရထပ်စားနေပြန်တယ်။

ဒီကောင်တွေက သူ့ကိုရှိတယ်လို့တောင်မထင်ဘူး။
မျက်လုံးထဲ ကြက်ကြော်ကလွဲပြီး ဘာမှမြင်ကြပုံမပေါ်ဘူး။ ဒီ အစားဘီလူးတွေကတော့။

အမြင်ကတ်စွာနဲ့ သူတို့ရဲ့ ကြက်ကြော်ကိုင်ထားတဲ့ လက်တွေကို တဖြတ်ဖြတ်နဲ့ လိုက်ရိုက်ပစ်လိုက်တယ်။

"ဘာလို့ရိုက်တာလဲ!! ငါ့ကြက်သားတုံး အောက်ပြုတ်ကျသွားပြီ!!!!"
ဒေါသအိုး ဟွမ်အင်ဂျွန်း ကထအော်တာ သူ့ခေါင်းပေါ်က ဆံပင်တွေတောင်ကျွတ်ထွက်သွားသလားထင်ရသည်။

My Door of Happiness | Jensung (Completed)Kde žijí příběhy. Začni objevovat