"Door of my happiness"
(Unicode)
အဲ့ဒီနေ့ညက ဟိုတယ်ရဲ့ အပေါ်ဆုံးခေါင်မိုးထပ်မှာ လေတဖြူးဖြူးနဲ့ ညရှုခင်းအလှတွေကို အသက်မဲ့စွာ ငေးကြည့်ရင်း ဂျယ်မင်းကတစ်ယောက်တည်းရှိနေခဲ့သည်။
လက်ထဲမှာ ရှိနေတဲ့ လက်စွပ်လေးတစ်ကွင်းကိုကြည့်ပြီး တစ်ယောက်တည်း လေအေးအေးတွေကို အံတုနေခဲ့တာ တစ်နာရီလောက်ရှိခဲ့လေပြီ။
အေးမြတဲ့ဒဏ်ကိုမခံစားရပဲ သူ့ရဲ့အတွေးတွေက ထိုမိန်းကလေးဆီကိုသာရောက်နေခဲ့တာ။
လွန်ခဲ့သော နှစ်တွေတည်းက ရင်းနှီးခဲ့ကြတဲ့သူတွေမို့ သူမမုန့်စားတဲ့အခါဘယ်လို၊ သူမပြုံးတဲ့အခါဘယ်လို၊ သူမစာဖတ်နေတဲ့ပုံဟာဘယ်လို၊ သူမရဲ့မျက်ဝန်းလေးတွေကဘယ်လိုရှိသလဲဆိုတာကို မှတ်ဉာဏ်တွေကိုပြန်ခေါ်ပြီး အလွတ်ကျက်မှတ်နေခဲ့သည်။ထိုစဉ် သူ့ရဲ့ ရှေ့သို့ ခြေတစ်စုံရောက်လို့လာသည်။
မော့ကြည့်မိတော့ သူမထင်မှတ်ထားတဲ့ သူတစ်ယောက်ပဲ။ သူ့ကိုအဆက်အသွယ်ပြန်လုပ်ဖို့ မျှော်လင့်နေခဲ့တဲ့သူ။
ထိုသူက သူ့ကိုပြုံးပြီးကြည့်နေခဲ့သည်။ လရောင်ကြောင့်လား မြို့ပြရဲ့ အလင်းရောင်တွေကြောင့်လားမသိ။ ထိုသူရဲ့အပြုံးက အရမ်းတောက်ပနေခဲ့သည်။"ဒုံဟျော့..."
"အဆင်ပြေရဲ့လားမင်း"
အဆင်ပြေရဲ့လားဆိုတဲ့စကားကို အကြားဆုံးသူဆီက ကြားလိုက်ရတဲ့ကလေးတစ်ယောက်လိုမျိုး။
ဒုံဟျော့သူ့ကိုစကားပြန်ပြောဖို့ကို အမြဲတမ်းစောင့်စားနေတဲ့သူအဖြစ် မျက်ရည်တွေဝဲပြီး ဒုံဟျော့ကိုသာကြည့်နေသည်။"အဆင်ပြေလားလို့"
အခုလောက်ဆို သူတို့သူငယ်ချင်းတွေလည်း အကြောင်းစုံသိပြီးလောက်ရောပေါ့။"ဟင့်အင်း"
ထိုသို့ပြောပြီးတာနဲ့ ဂျယ်မင်းကငိုတော့သည်။ ကလေးလေးတစ်ယောက်လိုမျိုး ရှိုက်ကြီးတငင်ကိုငိုနေခဲ့တာ။
ဒုံဟျော့ကလည်းပြုံးပြီး သူ့ရဲ့ရင်ခွင်ထဲ ဂျယ်မင်းရဲ့ ခေါင်းလေးကိုမှီစေပြီး ပွေ့ဖက်ထားလိုက်သည်။"ငါတောင်းပန်ပါတယ် မင်းဘက်ကလည်းအများကြီးခံစားရမှာကို အပြစ်တင်တာ များသွားတယ်"
YOU ARE READING
My Door of Happiness | Jensung (Completed)
FanfictionI'll be your door to your hapiness I'll never leave you alone