"We're just crazy for every moment"
(Unicode)
တစ်ခဏတာ အရူးဖြစ်သွားတယ်ပြောရင်မမှားပါဘူး။
အဲ့ဒီ အခိုက်အတန့်မှာ သူ့အနေနဲ့ ဘာမှမျက်လုံးထဲမမြင်တော့တာ။ အမှန်တော့ ဒီလိုမလုပ်သင့်တာ သိပေမဲ့ လုပ်လိုက်ဖို့စောနေတာ သိပေမဲ့ ဒီလူကိုမြင်ရင် သူ့စိတ်တွေက ဘယ်လို မှထိန်းချုပ်လို့မရဘူး။
အဲ့တာကြောင့် အကုန်လွှတ်ချလိုက်မိတဲ့ တစ်ခဏတာမှာ သူ့ရဲ့ နှုတ်ခမ်းတွေကိုသိမ်းပိုက်မိသွားတာပဲ။သူ့ရဲ့လက်တွေက ဂျဲနိုရဲ့ လည်ပင်းကို ထိန်းကိုင်ထားခဲ့တာ။ဆေးပေးခန်းထဲမှာ ပြတင်းပေါက်ဖွင့်ထားတော့ အဖြူရောင်လိုက်ကာ ကလည်းတလွင့်လွင့်။
သူတို့ရဲ့ နှုတ်ခမ်းတွေလည်း နူးညံ့စွာ ထိကပ်ထားခဲ့သည်။
သူ့ရဲ့ မျက်လုံးတွေက မှိတ်ထားခဲ့ပေမဲ့ ဂျဲနိုရဲ့ မျက်လုံးတွေက မှိတ်မသွားခဲ့ပဲ အံဩမှင်သက်နေတုန်းပဲ။
အံ့ဩမှင်သက်နေတာထက် သူ့ကိုယ်သူ ထိန်းနေတယ်ဆိုတာ သူကိုယ်တိုင်အသိဆုံးပဲ ဖြစ်လိမ့်မယ်။အထိအတွေ့နဲ့အတူ ရင်ထဲကနေ လှိုင်းတွေကထိန်းမရအောင်ရိုက်ခတ်နေခဲ့တာကို ဂျဲနိုပဲသိသည်။ ဂျီဆောလ်ကသူ့ကို သူ့နှုတ်ခမ်းကို ဘယ်တုန်းကမှမနမ်းခဲ့ဘူးဆိုတာကို ဘယ်သူမှယုံမှာမဟုတ်ဘူး။ ပြောရရင် ဒါသူ့ရဲ့ ပထမဆုံးအနမ်းပဲ။
ဒီရင်ခုန်စရာကောင်းလွန်းတဲ့အခိုက်အတန့်ကို ပတ်ဂျီဆောင်းဆိုတဲ့ကလေးက သိမ်းပိုက်သွားခဲ့တာ။
သူ့ရဲ့နှုတ်ခမ်းကိုထိကပ်ထားရုံနဲ့တင် အရည်ပျော်သွားနိုင်လောက်တဲ့ခံစားချက်ပဲမို့ သူလည်း စိတ်ထိန်းနိုင်ပါ့မလား။ထိုစဉ် ဂျီဆောင်းက တုန်တုန်ရီရီနဲ့ နှုတ်ခမ်းတွေကိုခွာလိုက်သည်။ ကြည့်ရတာ သူ့အပြုအမူကို သတိထားမိသွားပုံပဲ။
"အကို...ကျွန်တော်...တောင်းပန်..."
"ငါ့ကိုတကယ်သဘောကျတာလား.."
ဂျဲနိုက လူနာကုတင်မှာထိုင်လိုက်ပြီး သူ့ရှေ့မှာ မတ်တပ်ရပ်နေတဲ့ ဂျီဆောင်းကိုမေးသည်။ ဂျီဆောင်းက ဝန်ခံရင် သူလည်းနမ်းမိတော့မဲ့ ပုံစံမျိုး။ သူ့စိတ်ထဲ ဘာတွေဖြစ်ချင်နေလည်းသူမသိဘူး။ အခုကြည့်နေမိတာ အငယ်လေးရဲ့ နှုတ်ခမ်းတွေကိုပဲ...
YOU ARE READING
My Door of Happiness | Jensung (Completed)
FanfictionI'll be your door to your hapiness I'll never leave you alone