(Unicode)
5th February (winter)
"Happy Birthday to you!
Happy Birthday to you~
ချစ်ရတဲ့ ဂျီဆောင်းလေး
မွေးနေ့မှာပျော်ရွှင်ပါစေ!"
ညီညီညာညာ မွေးနေ့သီချင်းတူတူဆိုပေးကြပြီး သူ့မွေးနေ့ကိုဂုဏ်ပြုပေးကြတဲ့ အစ်ကိုတွေ သူငယ်ချင်းတွေ ရဲ့အသံတွေကတက်ညီလက်ညီပင်။ ဒါပေမဲ့ မွေးနေ့မှာ ပျော်ရွှင်နိုင်ဖို့အားအင်မရှိတာက မနက်အစောတည်းက သူအိပ်နေတုန်း သူ့နှာဖူးကိုတစ်ချက်ကလေးပဲ နမ်းပြီး သူ့မွေးနေ့ကိုမေ့လျော့ကာ အိမ်ကထွက်သွားခဲ့တဲ့ ဂျဲနိုကြောင့်ပဲ။
တစ်နေကုန် စာတစ်စောင်မှလည်းမပို့သလို ဖုန်းလည်းတစ်ခါမှမဆက်ပေ။ အခုရုံးဆင်းချိန် အားလုံးစုဝေးပြီး စားသောက်ဆိုင်တစ်ဆိုင်မှာ မွေးနေ့ပါတီလုပ်ကြတာတောင် အီဂျဲနိုဆိုတဲ့လူသားကရှိမနေဘူး။ ပါမောက္ခတစ်ယောက်အလုပ်များလည်း ကျောင်းဆင်းချိန်တော့ အကုန်အိမ်ပြန်ကြတာချည်းပင်။ အခြားတစ်ယောက်ယောက်နဲ့များ ရှိနေလေသလား၊ တကယ်ပဲ သူ့မွေးနေ့ကိုမေ့နေသလား စိတ်ထဲမှာ အလွန်ပူပင်သောကရောက်နေပြီး ဟန်ဆောင်ပြီးတောင်မပြုံးနိုင်ပေ။"ဂျီဆောင်း ဘာလုပ်နေတာလဲ ဆုတောင်းပြီး မီးမှုတ်လေ"
ကိတ်မုန့်ကိုမြှောက်ကိုင်ထားရတာ လက်ညောင်းလာပြီဖြစ်တဲ့ ဆောင်းချန်းကသူ့ကိုသတိပေးသည်။
"အော်..... အင်း"
မျက်လုံးကိုမှိတ်ကာ ဆုတောင်းမိသည်။ ဘာမှဆိုးဆိုးရွားရွားတွေဖြစ်မလာပဲ အကိုနဲ့သူ့ကြားမှာ ကောင်းသောအရာတွေပဲ ရှိဖို့ ဆုတောင်းမိသည်။ ထို့နောက် ဖယောင်းတိုင်လေးတွေကိုအကုန်ငြိမ်းအောင်မီးမှုတ်လိုက်တဲ့အခါ အကိုတွေရဲ့ အသံက ဆူညံစွာ ထွက်လာတော့သည်။
"ရေး!!!!!! ကိတ်မုန့်စားရအောင် ငါအရမ်းစားချင်နေပြီ"
ဖယောင်းတိုင်ဖယ်ပြီး နှိုက်ဖို့လုပ်နေတဲ့ ဒုံဟျော့ကို ဂျယ်မင်းက နောက်ကနေ ခေါင်းကိုလှမ်းရိုက်သည်။
"မွေးနေ့လက်ဆောင်တောင်ယူမလာပဲ ဒါမျိုးဆို ထိပ်ဆုံးက စားမယ်ဆိုတာချည်းပဲ မွေးနေ့ရှင်ကိုအရင်ထည့်ပေးလေ"
STAI LEGGENDO
My Door of Happiness | Jensung (Completed)
FanfictionI'll be your door to your hapiness I'll never leave you alone