Chapter 7

406 52 12
                                    

"The sky is crying"

(Unicode)

"အကို အခုဆို၂လရှိပြီနော်"

မီးဖိုချောင်ထဲမှာ ဟင်းချက်နေတဲ့ ဂျဲနိုကိုအနောက်ကနေ မတ်တပ်ရပ်လိုက်ပိုက်ကြည့်နေရင်း ဂျီဆောင်းပြောနေမိသည်။ နှုတ်ခမ်းလေးကစူလျက် စိတ်သိပ်မရှည်တော့တဲ့ပုံမျိုးပဲ။
ယနေ့ကပိတ်ရက်ပဲ။ ဂျီဆောင်းကတော့အိမ်ကိုစာကြည့်တိုက်သွားမယ်လို့ လိမ်ပြောခဲ့သည်။ မောင်းပို့ရတဲ့ကားဆရာကြီးကပါ ဂျီဆောင်းကိုအလိုလိုက်ပြီး အတူလိုက်လိမ်ပေးတာပါ ၂လရှိတော့မည်။

"ဘာကလဲ"

"အကို ကျွန်တော့်ကိုအချိန်ပေးလို့ပြောထားတာ ၂လရှိနေပြီလို့ အခုလုံလောက်တဲ့အချိန်မရသေးဘူးလား"

အသီးအရွက်တွေလှီးနေခဲ့တဲ့ ဂျဲနိုရဲ့လက်တွေက တစ်ခဏရပ်တန့်သွားခဲ့တယ်။ သူတောင်မသိလိုက်တဲ့အချိန်တွင်း သူဂျီဆောင်းကိုအဖြေမပေးပဲ ဆွဲထားခဲ့တာ ၂လတောင်ရှိသွားခဲ့ပြီတဲ့။ တကယ်တော့ သူ့ဘက်ကလည်း သဘောကျနေခဲ့ပြီး ထိုကလေးမရှိရင် ဟာတာတာဖြစ်မဲ့ ဘဝကိုပိုင်ဆိုင်ခဲ့ပြီးဖြစ်နေခဲ့ပြီ။ ဒါပေမဲ့ အဖြေပေးပြီး ချစ်သူအဖြစ်လက်ခံလိုက်ရဖို့တော့ သူသတ္တိမရှိသေးဘူး။
နှစ်ယောက်လုံးက ယောက်ျားလေးတွေဖြစ်နေခဲ့ပြီး အဆိုးဆုံးက ဂျီဆောင်းက ရည်းစားဟောင်းရဲ့ မောင်ဖြစ်နေခဲ့တာပဲ။ဂျီဆောလ်ကိုအားနာတဲ့ စိတ်ကပိုကြီးသည်။

"အင်း... ကိုယ်အဆင်သင့်မဖြစ်သေးဘူး"

ထိုအခါ သူ့ခါးမှာ ဂျီဆောင်းရဲ့လက်ကလေးတွေရောက်လာတာကို ခံစားမိသည်။ သူ့ရဲ့ ကျောပြင်ကိုပါးအပ်ထားတဲ့ ဂျီဆောင်းက ဝမ်းနည်းနေခဲ့မှာသိသာပါသည်။

"အဆင်ပြေပါတယ် အကိုကျွန်တော့်ကိုမပစ်ပယ်လိုက်ရင်ပြီးတာပါပဲ ဒီတိုင်းပဲ တစ်သက်လုံးနေဆိုလည်း ကျွန်တော်လက်ခံမိမှာ"

ထိုစကားကြားတော့ ဂျဲနိုမျက်ရည်တွေဝဲလာခဲ့သည်။ သူ့မှာပြောစရာစကားမှမရှိတော့ဘူး။
ထိုကလေးကသူ့ကိုအဲ့လောက်ထိသံယောစဉ်ကြီးရသလား။ အားနာလွန်းလို့ ခါးပေါ်က ထိုကလေးငယ်ရဲ့လက်ကလေးတွေကိုတောင် ပြန်မကိုင်ပေးထားနိုင်ခဲ့တော့ဘူး။
ဘာကြောင့်များ ချစ်ရဖို့တောင် သူ့အတွက်ခက်ခဲလွန်းတဲ့အခြေအနေဖြစ်သွားခဲ့တာလဲ။

My Door of Happiness | Jensung (Completed)Where stories live. Discover now