Chapter 10

519 58 29
                                    

"Second Chance"

(Unicode)

ဂျီဆောင်းက ဆေးရုံကနေ ပြန်ဖို့အတွက် အဝတ်အစားလဲပြီးတောင်အဆင်သင့်ဖြစ်နေခဲ့ပြီ။ ဒီအတိုင်းလူက စိတ်ပင်ပန်းပြီး လဲသွားရုံပဲ။ ဆက်နေစရာ အကြောင်းမှမရှိတော့တာ။
ဒါပေမဲ့ ပြန်တော့မဲ့ သူ့ကို ပြဿနာတစ်စုံတစ်ခုက ဆီးကြိုနေပြန်သည်။

"ဒါတွေကဘာတွေလဲ!! မင်းဘာတွေလုပ်နေတာလဲ!
ဒီလိုဖြစ်တာ အဲ့ကောင်ကြောင့်လို့တော့ မပြောနဲ့နော်"

ဆေးရုံခန်းထဲမှာ မတ်တပ်ရပ်နေတဲ့ ဂျီဆောင်းရဲ့အရှေ့မှာ ဓာတ်ပုံတွေကို ပြန့်ကျဲနေအောင် အဖေဖြစ်သူက ဆွဲဖြန့်လိုက်သည်။ ထိုဓာတ်ပုံတွေက သူနဲ့ ဂျဲနိုနဲ့ အတူရှိနေတဲ့ပုံတွေ။
ပိုပြီး ကျက်သရေတုံးတာက ထိုဓာတ်ပုံတွေကို သွေးပျက်စွာကြည့်နေတဲ့ ဂျီဆောလ်ကသူ့ရဲ့ရှေ့မှာရှိနေတာပဲ။
သူကဒီလိုဖြစ်သွားတဲ့အမှုနဲ့ လေယာဉ်ချိန်ကစောသွားတဲ့ပုံပဲ။ ဂျယ်မင်းလည်း ထိုအခန်းထဲမှာရှိနေခဲ့သည်။

ကျောင်းထဲက ချယ်ရီပန်းပင်တွေမှာ သူက ဂျဲနိုရဲ့ပေါင်ပေါ်အိပ်နေတဲ့ပုံ၊
ကျောင်းပြင်ပမှာ ဈေးတန်းတွေတစ်လျှောက် ဂျဲနိုရဲ့ ပုခုံးကိုဖက်ပြီး အနောက်ကလိုက်နေတဲ့ပုံတွေ။
သူတို့မျက်ဝန်းတွေက အချင်းချင်းချိုမြိန်စွာကြည့်နေကြရင်း နှုတ်ခမ်းတွေကပြုံးနေကြသည်။

ဟက်... တုံးအခဲ့တဲ့ အချိန်ကောင်းအချို့ပေါ့။

သူ့မေမေကလည်း ထိုပုံတွေကိုတုန်တုန်ရီရီ
ထိုပုံတွေကိုတစ်ပုံချင်းဂျီဆောင်းကပြန်ကောက်ပြီး နှုတ်ခမ်းက ခပ်ရွဲ့ရွဲ့ပြုံးသည်။
ဘာလဲ သားဖြစ်သူက အဲ့လိုလူဆိုတာသိတော့သွေးပျက်နေကြတာလား။

"အဖေကမှဘာလုပ်တာလဲ"

"ဘာ...!"

"ကျွန်တော့်ကို နောက်ယောင်ခံမလိုက်နဲ့လို့ သေချာပေါက်ပြောထားတယ်ထင်တယ်"

"မင်းကဒီလိုဖြစ်နေမှတော့ မလိုက်လို့ရမလား
ဝန်ကြီးတစ်ယောက်ရဲ့သားကဒီလိုအခြောက်ပါလို့ မီဒီယာတွေမသိခင် ငါအရင်သိထားရမှ..."

ရုတ်တရက် ဂျီဆောင်းက သူ့အဖေရဲ့ကော်လံကိုဆွဲလိုက်မိသည်။ ထိုအရာကြောင့် မိသားစုဝင်တွေအကုန်ထိတ်လန့်သွားကြရသည်။ ဂျယ်မင်းကပါထပ်တူပင်။

My Door of Happiness | Jensung (Completed)Donde viven las historias. Descúbrelo ahora