Chapter 8

437 51 11
                                    

"One Last Cry and It's over"

(Unicode)

Ting Tong!

"နေနေ မေမေ ကျွန်တော်သွားဖွင့်လိုက်မယ်
ဆောင်းချန်းဖြစ်လိမ့်မယ် စာစဉ်တွေလာပို့မယ်ပြောထားလို့"

ဂျီဆောင်းကျောင်းမသွားတာ ၃ရက်မြောက်နေ့။
မိုးတွေမိသွားတည်းက အပြင်းဖျားပြီး ကျောင်းမသွားနိုင်တော့တာ။ ဒါပေမဲ့ဖျားတာက နှစ်ရက်လောက်နဲ့သက်သာပေမဲ့ နှလုံးသားက ဖျားနေတာက သုံးရက်လောက်အချိန်ယူသည်။

"ဖြည်းဖြည်းသွား ချော်လဲရင် ဝှီးချဲနဲ့ကျောင်းတက်နေရမယ် ငါမင်းကို ခွင့်ယူဖို့ထပ်ခွင့်မပြုနိုင်ဘူး"

ဧည့်ခန်းထဲမှာ ရှိတဲ့ဖေဖေက လှေကားပေါ်ကနေအမြန်ဆင်းလာတဲ့သူ့ကို မျက်နှာထားတင်းတင်းနဲ့ပြောသည်။ ဖေဖေက ဖျားလို့ကျောင်းမတက်နိုင်လို့ ဖျားတာကိုစိတ်မပူပဲ ကျောင်းမတက်နိုင်ဖြစ်တာကို ပိုဒေါသထွက်သည်။ ကျန်းမာရေးထက် စာမလိုက်နိုင်မှာကို ပိုစိုးရိမ်တဲ့ပုံပဲ။ သိပ်လည်းမထူးဆန်းတော့တာမို့ ဂျီဆောင်းလည်းထိုအရာကိုခံစားမနေတော့ဘူး။
အပြေးအလွှားတံခါးကိုသွားဖွင့်တော့ ဆောင်းချန်းဟုတ်မနေပဲ မမျှော်လင့်ထားတဲ့တစ်စုံတစ်ယောက်ကြောင့် သူအံ့ဩသွားရသည်။ သူ့သူငယ်ချင်းမဟုတ်ပဲ သူ့မမရဲ့ သူငယ်ချင်းက အိမ်ကိုရောက်လာတာမို့လို့။

"ဘယ်လိုလဲ နေကောင်းပြီလား ဂျီဆောင်း"
ထိုသူက သူ့ကိုမြင်တော့ဝမ်းသာသော အကြည့်တွေနဲ့နှုတ်ဆက်သည်။

"အကို ဂျယ်မင်း??"

ထိုနာမည်ကိုကြားတဲ့ သူ့မိဘတွေကပါ ပြာပြာသလဲ တံခါးပေါက်ကိုထွက်လာကြသည်။

"ဂျယ်မင်း??" " ဟယ် သားလေး ဘာကိစ္စရှိလို့လဲကွယ်"

အဲ့ဒီလို ဖူးဖူးမှုတ်ကြသည်။ ပတ်ဂျီဆောလ်ကိုယ်တိုင်ကိုတင်မဟုတ်ပဲ ပတ်ဂျီဆောလ်ရဲ့ သူငယ်ချင်းအထိ။
မဟုတ်သေးပါဘူး သူငယ်ချင်းဆိုတာထက် သူ့ယောက်ဖလောင်းမဟုတ်ဘူးလား။
လျို့ဝှက်ပြီး အထက်တန်းလောက်တည်းက စေ့စပ်ထားကြတဲ့ ဆက်ဆံရေးကို။
အကိုဂျယ်မင်းကလည်း ဆေးဘက်ဆိုင်ရာကပဲဖြစ်သလို အရမ်းတော်ပြီး မိသားစုကလည်းချမ်းသာသည်။
သူ့အဖေရဲ့ လိုချင်တဲ့ စံနှုန်းတွေရှိတဲ့ ပြီးပြည့်စုံတဲ့လူတစ်ယောက်ပဲ။

My Door of Happiness | Jensung (Completed)Kde žijí příběhy. Začni objevovat