"A small crush"
(Unicode)
စာသင်ချိန်မှာလည်း ဂျဲနိုကိုပဲငေးကြည့်နေတဲ့ ဂျီဆောင်းကို ဆောင်းချန်းကဘေးကနေ သတိထားမိနေသည်။
သူတို့ကအရှေ့တန်းနားမှာဖြစ်ပြီး ဂျဲနိုကသူတို့ရဲ့အနောက်နားမှာ ထိုင်နေခဲ့တာမို့ခဏခဏကိုလှည့်ကြည့်နေတာ သတိထားမိသည်။"ဘာလို့ခဏခဏကြည့်နေတာလဲ ဂျဲနိုဆမ်းဘေးကို"
"သူ့နာမည်က ဂျဲနိုလား"
ဟု တက်တက်ကြွကြွပြန်မေးသည်။ ဘယ်လောက်တောင်သိချင်နေသလဲမသိဘူး။"အင်း အီဂျဲနို"
ထိုအခါ ဂျီဆောင်းက ကျေနပ်သွားတဲ့ရုပ်နဲ့ ပါးဖောင်းဖောင်းလေးကမို့တက်သွားအောင်ပြုံးနေလေသည်။
"ဘာလို့လဲ တစ်ခါလောက် ကူညီလိုက်တာနဲ့ ကြွေသွားတာလား"
"အ!!!"
ဆောင်းချန်းရဲ့ လက်မောင်းကို ထုသည်။ သွားကလေးနဲ့နှုတ်ခမ်းကိုဖိကိုက်ရင်း သူမကြိုက်ကြောင်း စိတ်တိုနေတဲ့ရုပ်ကလေးလုပ်နေသေးတာ။
"မင်းတို့ စာသင်မှာလား စကားပြောမှာလား"
တစ်ခန်းလုံးတိတ်ဆိတ်ပြီး စာသင်တာ သေချာနားထောင်နေကြပေမဲ့ သူတို့နှစ်ယောက်ပဲ ကွိစိကွိစ စကားပြောသံထွက်နေတာကြောင့် အလွန်သိသာနေသည်။ အခုတော့ ပရော်ဖက်ဆာ ဆူတာခံရလေပြီ။
"ကဲ ပတ်ဂျီဆောင်းပြောစမ်းပါဦး ငါသင်တာစာမျက်နှာဘယ်လောက်ရောက်ပြီလဲ"
အင်း အခုတော့သေပြီ။ သူဘာမှမသိဘူး။
ဒါက ဆောင်းချန်းစကားလာပြောလို့တော့မဟုတ်ဘူး။ သူ ဂျဲနိုကို ငေးနေချိန်တည်းက စာထဲမှာအာရုံမရှိတာ။ အခု ပရော်ဖက်ဆာ မေးတဲ့မေးခွန်းကို သူအဖြေမရှိလို့ အရှက်ကွဲတော့မှာ။ တစ်ခုတော့ကောင်းတာက အခုသူ့ကို ဂျဲနိုဆမ်ဘေးက ကြည့်နေသည်လေ။"စာမျက်နှာ ၂၁၃ပါ"
ပရော်ဖက်ဆာ သာမက တစ်ခန်းလုံး သူ့အားကြောင်ကြည့်နေကြသည်။ အပြင်ဘက်က ကျီးကန်းကလည်း တ အ အ နဲ့အော်နေတာနဲ့ အခန်းအငွေ့အသက်က တစ်ထပ်တည်း။
ဘေးကဆောင်းချန်းက သူ့နားကပ်ပြီး တိုးတိုးလေးကပ်ပြောသည်။
YOU ARE READING
My Door of Happiness | Jensung (Completed)
FanfictionI'll be your door to your hapiness I'll never leave you alone