"It's time to say goodbye"
(Unicode)
သက်တောင့်သက်သာအိပ်ပြီး အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေကိုဖွင့်ကြည့်မိတော့ အရှေ့က TVမှာ ရုပ်ရှင်ဇာတ်ကားကပြီးလို့နေပြီ။ ခေါင်းအုံးထားခဲ့တဲ့ အကို့ရဲ့ ပေါင်လည်းအတော်ထုံနေရောပေါ့။ ပြာပြာသလဲအကို့ကိုထကြည့်မိတော့ အကိုကလည်း ဆိုဖာကိုမှီပြီးအိပ်ပျော်နေသည်။
အခုဆိုသူအိမ်မပြန်ပဲ ဟိုတယ်ကနေပဲ ကျောင်းသွားတက်လိုက်ပြန်လာလိုက်လုပ်နေခဲ့တာ သုံးလေးရက်လောက်ရှိခဲ့ပြီ။ အရင်လိုဖုံးကွယ်မနေပဲ ကျောင်းမှာ အကို့လက်ကိုရဲရဲတွဲပြီး လူအများရှေ့မှာ ချစ်သူတွေလိုမျိုးသွားနိုင်ခဲ့ပြီ။
လက်ခံအားပေးကြတဲ့သူရှိသလို အတင်းပြောတဲ့သူလည်းရှိကောင်းရှိပေမဲ့ သူ့ရဲ့ နေ့ရက်တွေက ဒီလူသားလက်ကိုတွဲလိုက်ပြီးတည်းကပျော်ရွှင်နေရသည်။ အခုဆို ဂျဲနိုက ဒီမှာလာအိပ်ရင်အိပ်မဟုတ်ရင် ကျောင်းအပြန်တွေဆိုသူနှင့်တူတူ ရှိတတ်သည်။ အရင်တုန်းက သူက ဂျဲနိုကိုအလွတ်မပေးခဲ့ပေမဲ့ အခုချိန်မှာ ဂျဲနိုကသူ့ကိုလုံးဝအလွတ်မပေးချေ။ အချိန်တိုင်း ပီကေလိုသူ့အနားမှာ ကပ်နေတော့တာ။အိပ်ပျော်နေတဲ့ သူ့ရဲ့ချစ်သူကို မေးထောက်ပြီး ဂျီဆောင်းငေးကြည့်နေမိသည်။ လက်ကလေးက ဆံပင်လေးတွေကိုပွတ်သပ်ပေးနေရင်းကနေ နှာတံလှလှလေးနှင့် ပါးလေး၊ နှုတ်ခမ်းပါးလေးတို့ကို ထိတွေ့နေမိသည်။
"အရမ်းချောတာပဲ..."
သူတိုးတိုးလေးပဲရေရွတ်မိနေတုန်းမှာပဲ ရုတ်တရက် အိပ်ပျော်နေတဲ့လူသားကချက်ချင်းသူ့ရဲ့လက်ကိုဆွဲကိုင်ခဲ့သည်။"ချောရင် အာဘွားလေးပေး"
"လန့်လိုက်တာ နိုးနေပြီလား"
လေးကဂျီဆောင်းကိုခါးကနေဆွဲဖက်ပြီး သူ့ပေါင်ပေါ်မှာထိုင်စေသည်။ ထို့နောက် ခါးကနေမလွှတ်တမ်းဖက်ထားပြီး ဂျီဆောင်းရဲ့ပါးဖောင်းဖောင်းလေးတွေကို နစ်ဝင်အောင်နမ်းသည်။
"ကိုကို့ ကိုလည်းနမ်းပါဦး"
ထိုအခါ ဂျီဆောင်းကပြုံးရယ်ပြီး ဂျဲနိုရဲ့ နှုတ်ခမ်းကို နှစ်ကြိမ်ဆက်တိုက်ဖွဖွလေးနမ်းသည်။
တစ်ယောက်ယောက်နဲ့တစ်ယောက်အနီးကပ် တစ်ယောက်မျက်ဝန်းတစ်ယောက်စိုက်ကြည့်နေကြရင်း ဂျီဆောင်းရဲ့ လက်ကလေးတွေက ဂျဲနိုရဲ့နှာဖူးပေါ်က အနက်ရောင်ဆံခြည်မျှင်လေးတွေကိုဆော့ကစားနေသည်။ ဂျဲနိုရဲ့ လက်တွေကလည်း ဂျီဆောင်းရဲ့ခါးလေးပေါ်မှာပဲတင်ထားရင်း ထိုကလေးငယ်ကိုငေးမောကြည့်နေမိသည်။
YOU ARE READING
My Door of Happiness | Jensung (Completed)
FanfictionI'll be your door to your hapiness I'll never leave you alone