Chapter 9

463 50 11
                                    

"Friendship is..."

(Unicode)

"သား တံခါးဖွင့်လို့!!"

"နေဦး ငါသော့အပိုသွားရှာဦးမယ်"

ဗလာကျင်းနေတဲ့ ခြေဖဝါးနုနုထွတ်ထွတ်လေးနှင့် အခန်းထဲမှာပြန့်ကျဲနေတဲ့ ဖန်ကွဲစတွေကို တက်နင်းသွားလိုက်သည်။ အခုချိန်မှာ ခြေဖဝါးကနေ သွေးတွေက ဖန်ကွဲစတွေစိုက်ပြီး အများကြီးထွက်နေခဲ့တာ။ ခြေရာတစ်ခုချင်းစီမှာ သွေးကွက်ရာတွေချည်းကျန်နေခဲ့သည်။ သူ့အတွက် ရင်ထဲကနာကျင်မှုကလွဲပြီး အခြားဘာနာကျင်မှုမှ ခံစားလို့လည်းမရနေခဲ့ဘူး။
ထိုသို့သွားနေခဲ့ပြီး တံခါးကိုဖွင့်လိုက်သည်။ အပြင်ဘက်မှာရှိနေတဲ့ မိဘနှစ်ယောက်လုံးက သူ့ပုံစံကိုမြင်ပြီး သွေးပျက်သွားကြသည်။ မျက်နှာနှင့် လက်တွေမှာလည်း သွေးထွက်ထားသော ခြစ်ရာများအပြည့်။ ခြေထောက်ကိုကြည့်တော့လည်း သွေးတွေနဲ့ နီရဲနေသည်။

"သား...သားလေး"

"ပတ်ဂျီဆောင်း ဘာဖြစ်နေတာလဲ ဒီပုံစံက!"

"ကျွန်တော်အိပ်တော့မယ်"

ဘာမှမပြောပဲ ထိုတစ်ခွန်းသာပြောခဲ့ပြီး အားနဲ့နေတဲ့ခြေလှမ်းတွေနဲ့ သူ့အခန်းကိုလျှောက်သွားသည်။ ဒါပေမဲ့ လမ်းတောင်မဆုံးပဲ ထိုနေရာမှာပဲ လဲကျသွားတော့သည်။ သူ့နှလုံးသားက ဆက်ခုန်နေဖို့တောင်အားမရှိတော့သလိုမျိုး။ တင်းထားသမျှ အားတွေလည်းမရှိတော့ပဲ တလောကလုံးကအမှောင်ကျသွားသည်။


"သားလေး!!"

မေမေရဲ့ ထိုအော်ခေါ်သံကိုကြားနေရသည်။ လေးနေတဲ့ မျက်ခွံ မပွင့်တစ်ပွင့်မှာ ဝါးတားတားနဲ့ ရွေ့လျားနေတဲ့ မျက်နှာကျက်က မီးလုံးတွေကိုမြင်နေရသည်။ ဘီးလုံးရဲ့ရွေးလျားသံတွေနဲ့အတူ သူ့ခန္ဓာကိုယ်ကပါရွေ့လျားမေသည်။

အရေးပေါ်ခန်းရောက်နေခဲ့ပြီလား။

ထို့နောက် တစ်ခဏ သတိဝင်ပြီး ပြန်အိပ်ပျော်သွားခဲ့သည်။

ဝန်ကြီးကိုယ်တိုင်လိုက်လာတာဖြစ်သည့်အတွက် ဝန်ကြီးသားရောက်လာတာ လူတိုင်းသိနေပြီမို့ VVIP အခန်းယူပြီးထားလိုက်ရသည်။ ဂျီဆောင်းရဲ့ပုံစံက ကိုယ့်ကိုကိုယ် နာကျင်အောင်လုပ်ထားတဲ့ပုံမို့ အခြားသတင်းဆိုးတွေထွက်မှာ စိုးရသေးသည်။

My Door of Happiness | Jensung (Completed)Dove le storie prendono vita. Scoprilo ora