တက္ကသိုလ်ကျောင်းဝင်းရှေ့ထိသာ တက္ကစီကချပေးတာကြောင့် မြူနှင်းမိုးတစ်ယောက် Luggage ကို ကိုယ်တိုင်ဆွဲ၍ ကျောင်းဝင်းထဲသို့ ဝင်ခဲ့သည်။ ကျောင်းသားရေးရာတွင် အပ်နှံထားပြီးသား နာမည်စာရင်းကို စစ်ဆေးပြီးနောက် ကျောင်းအဆောင်သော့ကို ထုတ်ယူကာ စီနီယာအစ္မ ညွှန်ပြသည့်အတိုင်း အဆောင်ကိုသွား၍ အခန်းကိုရှာရသည်။
အဆောင် ဘီ၊ အခန်းနံပါတ် B-31 ။
အခန်းက သုံးထပ်အဆောင်၏ ဒုတိယထပ် စတုတ္ထမြောက်အခန်းဖြစ်သည်။ အခန်းရှေ့ကို ရောက်သော် တံခါးက ခပ်ဟဟလေးပွင့်လျက် ရှိနေတာကြောင့် အခန်းတွင်းမှ စကားပြောသံမ်ားက အပြင်သို့ လျံကျနေခဲ့၏။
"နရီတို့ကတော့ ဒုက္ခကို လှလှနဲ့တိုးတာပဲ၊ နင့်လိုလူက ဒီလို အခန်းကျဉ်းလေးထဲ နေနိုင်တာ သေချာရဲ့လား၊ နင့်ရဲ့ မိုးထိုးနေတဲ့ အရပ်နဲ့ဆို ကုတင်ပေါ်မှာ ခြေထောက်တောင် ဆန့်ပါ့မလား... "
"အေးလေ၊ ငါလည်း အဲ့တာပြောတာ၊ သူ ဒီအခန်းထဲမှာ တစ်လလောက်ပဲ ခံမယ် ဆိုတာကို ငါ တစ်ပုံးလောင်းမယ်ဟာ.. "
"ငါတော့ သူ တစ်ပတ်လောက်ပဲ ခံမယ်ထင်တာပဲ "
သုန္နရီက သူငယ်ချင်းများ၏ သူ့အပေါ်အလောင်းအစားလုပ်နေခြင်းကို ထူးထွေစွာ မတုန့်ပြန်ဘဲ ရယ်သာရယ်၍ သူ့ Luggage ထဲမှ အဝတ်အစားများကိုသာ ဗီရိုထဲသို့ ပြောင်းထည့်နေ၏။
မြူနှင်းမိုး၏ အခန်းတံခါးတွန်းဖွင့်သံက ထိုစကားသံများကြား ကွဲလွဲစွာထွက်ပေါ် လာသည့်အခါ အခန်းထဲမှ ယောကျာ်းမိန်းမ အသံမ်ားကလည်း တိတ်ဆိတ်သွားပြီး အခန်းတွင်းရှိ လူသုံးဦး၏ အာရုံက တပြိုင်နက် သူ့ဆီရောက်လာသည်။
အပြိုင်ရှိနေတဲ့ ကုတင်နှစ်ခုအနက် တစ်ခုပေါ်မှာ လူနှစ်ယောက်က ထိုင်နေကြပြီး ကျန်တစ်ယောက်ကတော့ ကုတင်ခြေရင်းက အဝတ်ပုံကြားမှာ အလုပ်ရှုပ်နေသည်။ အဝတ်ပုံကြား မတ်တပ်ရပ်နေသည့် မိန်းကလေးက မြူနှင်းမိုး အိတ်တစ်လုံးနဲ့ ဝင်လာတာကိုမြင်တော့ သူ့ဆီ တညျ့တညျ့လြှောကျလာပွီး
"ဟယ်လို.. Roommate ထင်တယ်၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ငါ့နာမည်က သုန္နရီ ၊ နရီလို့ ခေါ်လို့ရတယ်၊ ရှေ့လျောက် အတူနေရတော့မှာဆိုတော့ ရင်းရင်းနှီးနှီးနေသွားကြတာပေါ့၊ Fresher ပဲဆိုရင် ပေါ့ပေါ့ပါးပါးပဲ ပြောလို့ဖြစ်တယ်မလား"
YOU ARE READING
တိမ်တွေမှာ ငွေဇာကွပ်ရယ်နှင့်
Teen Fictionအနက်ရောင်ကောင်းကင်က ကြယ်တစ်ပွင့် ကျွန်မနှလုံးသားထဲ တည့်တည့် ကြွေကျလာတယ်။ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒတွေဆီ လွင့်မျောပါရင်း ကျွန်မအိမ်မက်ဟာ ယိုင်နဲ့လာတယ်။ အချစ်ဟာ ဘာလဲလို့ မေးလာရင်တော့ အချစ်ဟာ ကြယ်တွေလေ လို့ ကျွန်မဖြေမယ် ~ ~